(Unicode)
ကလေးရဲ့ လက်ဖဝါးလေးတွေ နှာဖူးပြင်လေးတွေအား အဝတ်စလေးကိုရေလေးစွတ်ကာ ရေပတ်တိုက်ပေးနေမိသည်!
ကလေးကတော့ အိပ်နေဆဲ..
ဆေးရုံခန်းထဲ Mashi တစ်ယောက်ထဲ ပင် ကလေးအဖေဖြစ်သူကတော့ အဝတ်အစား နည်းနည်းယူရန် အိမ်ပြန်သွားသည်!ထိုင်စောင့်နေရင်း ပျင်းလာသည်မို့ ph ဖွင့်ကာ SNS ကိုဟိုဟိုဒီဒီ ကြည့်မိနေမိသည်!
ဖိနပ်ကလေး လှလိုက်တာ.."သားလေး မနိုးလာသေးဘူး!"
တစ်ယောက်တည်း အာရုံရနေတုန်း မေးလာသည့်ထိုလူ!
"ဟို.. မနိုးသေးဘူးဗျ ကျွန်တော် ရေပတ်နည်းနည်းတိုက်ပေးထားတယ်!"
တံခါးကို ခပ်ဖွဖွလေးဖွင့်ကာ အမေးစကားဆိုလာတဲ့ ကလေးအဖေဖြစ်သူကို Mashiho လည်း တိုးတိုးလေး ပြန်ဖြေလိုက်သည်!
နေ့လယ်က ဝတ်စုံပြည့် ဝတ်ထားတဲ့လူက
ဒီလို အပြင်ဝတ်စုံ Hoodie လေး ဝတ်ထားပြန်တော့လည်း လူငယ်ဆန်ကာ ကြည့်ကောင်းနေသည်ဟုပင် Mashi တွေးလိုက်မိသေးသည်!"ငါ မင်းအတွက် ထမင်းယူလာတယ်
စားလိုက်!"ထမင်းချိုင့်ကို ထိုးပေးလာတဲ့ ထိုလူကြောင့် အားနာရပြန်သည်!
ကိုယ့်က ကလေးကို စောင့်ပေးဖို့လာတာလေ
ထိုလူကိုများ ဒုက္ခပေးမိနေသလို ဖြစ်နေပြီလား?"အားနာစရာကြီးဗျာ မယူလာလည်းရတာကို
ကျွန်တော်က အပြင်မှာ တစ်ခုခု သွားစားလိုက်ရင် ရပြီပဲ!"သို့သော် သူပြောသည်ကို အဖတ်မလုပ်စွာ ဖိုင်တစ်ခုကို တစ်စိုက်စိုက်မတ်မတ် စိုက်ကြည့်နေတဲ့ ထိုလူကြောင့် Mashi ပါးစပ်လေးပိတ်လိုက်ရသည်!
ကြည့်ရတာ အလုပ်ကို ဒီအထိ ယူလာသည်ထင်သည်!တကယ်ကို လူမူရေးမရှိလိုက်တာ..
ဟူးး နောက်တစ်ခါ ဘယ်တော့မှ မပတ်မိတာကောင်းမယ်.." ကျွန်တော် ကိုယ်လက် သန့်စင်ဖို့ ခဏသွားလိုက်မယ်နော်!"
သို့သော် ထိုလူက ဖတ်မြဲတိုင်း ထိုဖိုင်လေးကိုသာ ဖတ်နေသည်!
mashi ကိုတော့ လားလားမျှ အဖတ်မလုပ်ပေ!တံခါးကို ခပ်သာသာ ပိတ်ကာ ကိုယ်လက်
သန့်စင်ရန် ထွက်လာလိုက်သည်!
စိတ်လည်း တော်တော်ပင်ခုသွားသည်!
လူတစ်ယောက်လုံး စကားပြောနေတာတောင် အဖတ်မလုပ်?