(Unicode)
အချိန်အားဖြင့် ည7 နာရီ!
သားလေးရဲ့ ပူဆာမူကြောင့် ကိတ်ဝယ်ရန် ဆိုင်သို့ ရောက်နေခြင်းပင်!ကိတ်ရွေးရန် အတွက် ကြည့်နေသည်မှာ 15 မိနစ်ခန့်ရှိပြီ!
cafe ဖြစ်နေတာမို့ နောက်မှ စောင့်နေသူတွေကို အားနာစရာကောင်းလှသည်!"သားသား မြန်မြန်ရွေးလေ နောက်မှာ လူတွေစောင့်နေတာ အားနာစရာကြီး!"
သားလေးက သူ့ကို ကျော်၍ နောက်သို့ တစ်ချက်အကြည့် ပို့လိုက်ပြီးနောက်
"Appa ပဲ ကြည့်ဝယ်လိုက်တော့!"
"အဲ့ဆို ဟိုထောင့်က ဝိုင်းမှာ ထိုင်စောင့်နေနော်.. နို့ပဲ သောက်မှာမလား!"
"ဟုတ် Appa!"
အားနာဖို့ ကောင်းလွန်းနေပြီမို့ အမြန် ပင်
စတော်ဘယ်ရီ ကိတ်သေးလေးကို ယူရန်သာ ဆုံးဖြတ်လိုက်သည်!"ဒီ စတော်ဘယ်ရီ ကိတ်လေးရယ် နို့တစ်ခွက်ရယ် ..ပြီးတော့ လက်တေးတစ်ခွက်!"
ကျသင့်ငွေကို ရှင်းပြီးတဲ့နောက်မှာ သူဟာ
သားလေးထိုင်နေတဲ့ ဝိုင်းဆီ လှမ်းလိုက်သည်!"သားလေး Appa စတော်ဘယ်ရီ ကိတ် ဝယ်လိုက်တယ်နော်!"
"ဟုတ် Appa!"
"ကျောင်းတက်ရတာ ဘယ်လိုလဲ!"
"ပျော်စရာကြီး မာမားနဲ့လည်း ဆော့ရတယ်!"
"မာမားကရော စာသင်တာ ကောင်းလား!"
"သားသင်ဖူးသမျှ ဆရာတွေထဲမှာ မာမားက အကောင်းဆုံးပဲ!"
လက်မထောင်ကာ ဝင့်ဝင့်ကြွားကြွားပြောနေတဲ့ သားလေးကြောင့် အတွင်းထဲက လှိုက်ခနဲ့ ဝမ်းသားသွားသည်!
ဘာကြောင့်လဲ မသိပေမယ့်ပေါ့!>>>>>>>>>>>>>>>>>>>>>>
"မဟုတ်တာ..ကျွန်တော်က တောင်ကျေးဇူးတင်နေတာ!
ကောင်းကောင်း ပြန်ပါနော်!"Mashiho ကို တွေ့ချင်တယ်ဆိုသည့် ကျောင်းသားမိဘ တစ်ယောက်ကြောင့် သူဒီ Cafe ကိုရောက်နေခြင်းပင်!
မူကြိုကလေး ဖြစ်ပေမယ့် အနီးကပ်သင်ကြားပေးရန် သူ့ကို ငှားချင်ကြောင့် ပြော
တော့ သူ့အတွက် အပျော်ဆုံးပေါ့..
ဘယ်လိုပဲ ဖြစ်ဖြစ်ပုံမှန်ရနေတဲ့ ကျောင်းလစာထက် အပြင်မှာပါသင်တော့ ပိုက်ဆံပိုရသည်လေ!