(Unicode)
ကျွန်တော်ကမိန်းကလေးနဲ့ပဲ လက်ထပ်မှာ။
ကျွန်တော်ကမိန်းကလေးနဲ့ပဲလက်ထပ်မှာ။"အားး ဒီအသံပဲကြားနေတယ် ရူးသွားတော့မှာပဲ"
မျက်တွင်းတွေသိသာစွာချိုင့်ကျနေတဲ့ Junkyu က ဒီရက်အတွင်းပင်တော်တော်ပိန်ကျသွားသယောင်။
"ပါပါး ကျောင်းလိုက်ပို့ချိန်ရောက်ပြီ"
ခါတိုင်းအချိန်တိကျလွန်းတဲ့ Junkyu ကအခုတော့ တကယ်ကိုရင်ကွဲနာကျကာ အချိန်တွေနာရီတွေပင်မသိတော့ချေ။
"ခဏစောင့် သားလေး"
ဖြစ်နိုင်ရင် ထိုကျောင်းကို ဒီနေ့ခြေချချင်စိတ်မရှိ။ သို့သော်လည်း သားလေးအတွက်မို့ သူသွားပို့ရပေဦးမည်။
အခြားဘာမှမစဥ်းစားတော့ပဲရေချိုးလိုက်သည်။ ဒါပေမယ့် မဖိတ်ခေါ်ပါပဲနဲ့ အတွေးထဲရောက်ရောက်လာတတ်သည့် ထိုဧည့်သည်လူသားလေးက Junkyu အတွေးထဲ ထုံးစံအတိုင်းနေရာယူထားပြန်သည်။"ပါပါး..ညနေရုံးကအပြန် ပီဇာ
ဝယ်လာပေးနော်""ဝယ်လာပေးရမှာပေါ့ ဘယ်လိုလည်း စာတွေရော ရနေပြီလား"
"ရတာပေါ့ မာမားသင်ပေးလိုက်ရင်တ အကုန်လွယ်လွယ်လေးတွေချည်းပဲ"
ပျော်ရွှင်စွာပြောနေတဲ့သားလေးအသံကြောင့် Junkyu ပီတိဖြာရပြန်ပြီ။
"သားလေး မာမားကိုချစ်လား?"
"ချစ်တာပေါ့!"
မဆိုင်းမတွဖြေလာသည့် သားလေးအသံ။
"မာမားကိုချစ်ရင်အိမ်မခေါ်ထားချင်ဘူးလား?"
"ခေါ်ထားချင်တာပေါ့! ဒါပေမယ့်..."
ဒါပေမယ့် ဆိုကာရပ်သွားသည့် သားလေးကြောင့် သူကပဲစကားထောက်ပေးရပြန်သည်။
"ဒါပေမယ့် ဘာဖြစ်လို့လည်း ဆက်ပြောလေ"
"မာမားက မနေချင်ဘူးလေ"
"ဒါလေးများ သားလေးက မာမားကို
မြူဆွယ်ပေါ့""ဟင် ဘယ်လိုမြူဆွယ်ရမှာလဲ?"
"ပါပါးကို ချစ်လာအောင်မြူဆွယ်လေ!"
"ဟွင့် ပါပါးကို ချစ်တာနဲ့ အိမ်ခေါ်ထားတာနဲ့ ဘာဆိုင်လို့လဲ?"