(Unicode)
"မာမား! Appa ကိုခေါ်လာခဲ့ပြီ!"
ခပ်တိုးတိုးထွက်လာတဲ့ ကလေးအသံကြောင့် Mashi တံခါးဝကို အကြည့်ပို့လိုက်သည်!
ဘယ်နှယ့် ကလေးကျောင်းကို လာတဲ့ ကျောင်းသားမိဘက မော်ဒယ် Show နဲ့များမှားလာ သလားလို့ထင်ရလောက်အောင် ဖက်ရှင်ကဂေါ်ထွက်ပြီး တောကြိုက် မျက်မှန်ကြီး တကားကားနဲ့ ထိုလူပေါ့!"သြော်..Junkyu hyung ရောက်လာပြီလား?
ရုံးခန်းထဲသွားရအောင်!"Mashi အပြောကို ထိုလူက ဘာမှပြန်မပြောနဲ့ မျက်မှန်ကြီးတကာကာနှင့်နောက်က လိုက်လာသည်။
"ကလေးတွေ ငြိမ်ငြိမ်နေခဲ့ကြနော် ခဏနေ အကဆရာမလာလိမ့်မယ်"
"Nae မာမား"
Junkyu မျက်လုံးပြူးသွားသည်။
သားလေးတင်မက တစ်ကျောင်းလုံးက
မာမားပဲ ခေါ်နေတာလား? မဖြစ်သင့်လိုက်တာ!"ကျွန်တော် Junkyu hyung ကိုခုလိုခေါ်တာ ကလေးအကြောင်းဆွေးနွေးချင်လို့"
"ဘာများလဲ? ဒါနဲ့ coffee သောက်ချင်လို့ ဖျော်ပေးလို့ရလား?"
"ဟုတ်..ဖျော်ပေးပါ့မယ်"
ခုထိလိုရင်းကိုမရောက်နိုင်ပဲ ဒီနားမှာတင်လည်နေသည်။
"ရော့ ရပြီ"
"ကျေးဇူး!"
"ကျွန်တော် ကလေးအကြောင်းဆက်ပြော.."
"အယ်..ဟုတ်သား သားလေးက ဘာများဖြစ်လို့လဲ?"
"ကလေးက ဒီတစ်ခေါက်စာမေးပွဲမှာ တစ်ခုမှဖြေမထားဘူးဗျ Junkyu hyung ကအလုပ်မအားတာသိပေမယ့် ကလေးကို စာတွေအတွက် နည်းနည်းလေး သတိထားပေးစေချင်တယ်"
"အင်း..."
"ကလေးကအရင်က အဲ့လောက်မဆိုးပေမယ့် အခုဘာစာမှ ဖြေမထားတော့ သူ့မှာ ဘာစိတ်အနှောက်အယှက်ရစရာများရှိနေလဲလို့ပါ"
Junkyu ရယ်ချင်စိတ်ကို ထိန်းလိုက်သည်။
တော်သေးတယ်မျက်မှန် တပ်ထားလို့။
ဒါတွေကသာ သူ့အကြံအစည်တွေမှန်းသိရင် ဒီကောင်လေး ဘယ်လိုနေမလဲ?"အဟမ်း..ကိုယ်လည်းပြောချင်နေတာ!"
"ဟုတ်ပြောပါ"