(Unicode)
နောက်ဆုံးတော့ Mashiho ထိုအိမ်ကြီးထဲမှာ ခြေချရပြန်ပြီ။
"အကိုလေး ဧည့်ခန်းထဲမှာခဏထိုင်စောင့်ပါ
သားလေးကိုခေါ်လိုက်မယ်"အဒေါ်ကြီးစကားအတိုင်း Mashi ဧည့်ခန်းမှာထိုင်စောင့်နေမိသည်။လူကသာထိုင်နေပေမယ့် mashi မျက်လုံးတို့က အိမ်အနှံ့လိုက်လံကြည့်နေမိသည်။
ထူးဆန်းလိုက်တာ အိမ်ရှေ့မှာ ကပ်ထားတဲ့ မင်္ဂလာဓာတ်ပုံက ဘယ်သူ့ပုံပါလိမ့်။
ဓာတ်ပုံဘေးနဲ့ Junkyu နှင့်အမျိုးသမီးတစ်ယောက်ပုံ။"မာမား!"
Mashi အတွေးများနေတုန်း ကလေးခေါ်သံကြောင့် အကြည့်တွေကို ဓာတ်ပုံတွေဆီမှလွဲလိုက်ရသည်။
"ဗျာ! ရေချိုးပြီးသွားပြီပေါ့"
"ဟုတ်တယ် မာမားလာမှာမို့ အသန့်ဆုံးဖြစ်အောင် ဆပ်ပြာသုံးခါတောင်တိုက်ခဲ့တယ်"
"Aigoo~ စကားတတ်လေး"
"စကားတတ်တာမဟုတ်ပါဘူးနော် တကယ်ပါဆို"
"ကဲပါ ဟုတ်ပါပြီဗျာ စာစသင်မယ်
သင်္ချာစသင်မယ် သင်္ချာစာအုပ်လေးထုတ်ပါဗျ!""Nae!"
ကလေးကို စာလုပ်ရမှာပျင်းမည့်ပုံလေးဟု သူတွေးမိသော်လည်း ကလေးက ထင်ထားသလိုမဟုတ်ပေ။
သူ့ကိုခင်တွယ်ရှာလွန်းတဲ့ကလေးက ခုလည်း သူနှင့်စာလုပ်ရမည်ဆိုတော့ တက်ကြွနေလေရဲ့။"အကိုလေး စတော်ဘယ်ရီစားပြီး အေးဆေးသင်နော်"
"ဟုတ်ကဲ့ဗျ"
"ထပ်လိုသေးရင်ပြောနော်!"
"မလိုပါဘူးဗျ!"
ဘယ်လိုတောင်အားနာစရာကောင်းလိုက်လဲ?
သူဌေးအိမ်မှာစာသင်ရတာ အဲ့လိုမျိုးပဲလား?"သားလေး အခန်းထဲသွားပြီးစာလုပ်ချင်လား?"
ဧည့်ခန်းထဲမှာမို့ အဆင်မပြေ ဖြစ်မှာစိုး၍ Mashi မေးလိုက်သည့်စကားပင်။
"မသွားချင်ဘူး သားစာလုပ်နေတာကိုဖေဖေနဲ့မေမေ ကို မြင်စေချင်လို့!"
"ဟင်!"
ကလေးစကားကို Mashi နားမလည်ဖြစ်သွားသည်။