(Unicode)
ရှေ့ရက်တွေ ကတည်းက ကျောင်းအပ်ပြီးသားမို့ အခန်းထဲ ဝင်ထိုင်ရုံပင်!
အထဲထိ လိုက်ပို့ရမလား မေးတော့ ရတယ်
ဆိုသည့်သားလေးရဲ့ စကားကြောင့် ကျောင်းအဝတွင်ပဲ ချပေးလိုက်သည်!ပြီးနောက် သားလေ ကျောင်းထဲ ဝင်သွားသည် 5 မိနစ်လောက် ကြည့်နေပြီးမှ Company ကို အမြန်ဆုံး မောင်းကာ သွားရသည်!
ဒီနေ့ အရေးကြီးသည့် အစည်းအဝေးရှိနေသည်မလား?
______________________________________
မူကြိုကျောင်းမို့ ထင်ပါရဲ့ ဆရာဆရာမတွေက ငယ်ငယ်လေးတွေပင် ပြောရရင် အခုမှ ဘွဲ့ရပြီး အလုပ်မရှိလို့ လာလုပ်တဲ့ အရွယ်တွေပင်!
အင်း..သူလည်း အဲ့လိုပဲပေါ့!
စာသင်ရမည်ကို ဝါသနာမပါသော်လည်း အလုပ်မရှိတာကြောင့် လုပ်ရမည်လေ!
ငယ်ငယ်ကတည်းက သူ့ကို စောင့်ရှောက် ပေးခဲ့တဲ့ စစ္စတာကိုလည်း ထပ်ပြီး ဒုက္ခမပေးချင်တော့ပေ!ကိုယ့်ကို ပညာတတ်ဘွဲ့ရအောင် သင်ပေးတာနဲ့တင် ကျေးဇူးက ကြီးမားနေပြီ!
"အသစ်လေးလား?"
"ဟုတ်တယ်ဗျ!"
"အသက်ငယ်မယ့်ပုံပဲ!"
"23 နှစ်ပါဗျ"
"ဟယ် အတူတူပဲ ကြည့်ဦး ချစ်စရာလေး!
ဘယ်အခန်းမှာ တာဝန်ကျလဲ?""Sec A အတန်းပိုင်ပါဗျ!"
"wow အဲ့အခန်းက တကယ့်နာမည်ကြီးတဲ့ ကလေးတွေပဲ Sam သတိထားနော်!"
"ဗျာ.ဟုတ်!"
အရင်ကတည်းက လူတွေနဲ့ ရောမနေတက်တာကြောင့်သူ့အတွက် နေရာချပေးထားတဲ့ သီးသန့်နေရာကို ဝင်ထိုင်ကာ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေလိုက်သည်!
နာရီဝတ် ကြိုဝင်ရမယ်ဆိုတဲ့ ကျောင်းအုပ်ရဲ့စကားကြောင့် အတန်းမစခင် နာရီဝတ် ရှိနေပြီမို့ လိုအပ်သည့် စာအုပ်ကို ယူကာ အတန်းဝင်ရန်ပြင်လိုက်သည်!
"ဟို Sam.. "
"ဗျာ!"
"ဒီမှာ ဒီနေ့ အချိန်ဇယား "
ခုနက အမျိုးသမီးလေးမှ သူ့လက်ထဲကို ထည့်ပေးသည့် အချိန်ဇယားလေးကို ကြည့်လိုက်သည်!
အင်း..ဒီနေ့အတွက် သုံးချိန်သာ ပါသည်လေ!