(Unicode)
ကလေးက သုံးချက် ချုပ်ရတာမို့ ငိုနေတာကိုကြည့်ရင်း Mashi လက်တွေ အေးစက်လာသည်!
ခဏအကြာတော့ ငိုနေတဲ့ကလေးကို ဆရာဝန်ကြီးမှ ထုံဆေးပေးလိုက်တာမို့ ငိုသံတွေ တိတ်ဆိတ်သွားသည်!ကျောင်းအုပ်ကြီးကလည်းစိတ်မပူရန်
နှစ်သိမ့်နေရှာသည်!
ကလေး အဖေဖြစ်သူကလည်း သူ့ကို အတော်ပင် ဒေါသထွက်နေသည် ထင်ပါရဲ့!
Ph ထဲက တောက်ခေါက် သံအကျယ်ကြီးက Mashi နားထဲက မထွက်ပေ!"Mashi!! ကလေးအဖေက မင်းကို
ဘာပဲ ပြောပြော အရမ်းလေသံမာနဲ့
ပြန်မပြောနဲ့နော်!""ဟုတ်ကဲ့ဗျ"
စိတ်လှုပ်ရှားရင် လက်နှစ်ဖတ်ကို ပွတ်တက်သည့် အကျင့်ရှိတာကြောင့် ချွေးစေးများ ထွက်နေပြီ!
"ကြည့်ဦး လက်ကချွေးတွေ
စိတ်လှုပ်ရှားနေတယ်ထင်တယ် ""ဟုတ် နည်းနည်း..ဟို ကလေးက! "
"ကလေးကို မေ့ဆေးပေးထားတယ်
ရော့ တစ်ချူး!"ကျောင်းအုပ်ကမ်းပေးလာတဲ့ တစ်ချူးကို ယူကာ လက်ကို မြန်မြန်သုတ်လိုက်သည်!
ဟူးး အဆင်ပြေမှာပါ!"ဟို လူကြီးမင်း ရောက်လာပြီလား?"
အပြေးအလွှား ဝင်လာတဲ့ လူတစ်ယောက်ကို Jihoon က နူတ်ဆတ်လိုက်တာကြောင့် Mashi ထင်တာမမှားရင် ဒီလူကြီးက Junyoung လေး အဖေပဲ ဖြစ်ရမယ်!
ကြောက်စိတ်ရော စိုးရိမ်စိတ်ရော ပေါင်းနေတာမို့ ခေါင်းကို တွင်တွင်ငုံ့ထားကာ ဖိနပ်ထိပ်လေးကိုသာ ကြည့်နေမိသည်!
သားဇော ကြောင့်ပြေးလာတဲ့ ထိုလူကြီးက အခုမှ အသက်ကို လုရှူနေရတယ်ထင်ပါရဲ့!
"သားလေးရော!"
"ကလေးက သုံးချက်ချုပ်လိုက်ပါတယ်
အခုမေ့ဆေးဒဏ်ကြောင့် အိပ်ပျော်နေပါတယ်!
ပထမက ရိုးရိုး ချုပ်မလို့ပဲ ကလေးက ငိုနေတာနဲ့..""တောက်!!! နာမည်ကြီး ကျောင်းဖြစ်ပြီး
ကျောင်းတတ်တဲ့ ပထမရက်မှာတင် ကလေးက အနာတရ ဖြစ်တာ ဖြစ်သင့်လား!!"စကားကိုဆုံးအောင် နားမထောင်ပဲ ဖြတ်ပြောကာ တောက် ခေါက်လိုက်တဲ့ ထိုလူကြောင့် Mashiတစ်ယောက် လန့်ကာ ကိုယ်လေး တုန်တက်သွားသည်!