(Unicode)
လှုပ်စိလှုပ်စိ ကားနားကိုရောက်လာတဲ့ သားလေးကြောင့် Junkyu လန့်သွားရသည်!
သားလေးလမ်းလျှောက်နေသည့်ပုံက တကယ်ကိုပင် လောကကြီးက စိတ်ကုန်နေသယောင်!"နေမကောင်းဘူးလား သားလေး!"
"ကောင်းတယ်.."
တိုးတိုးလေးပြောကာ ရှေ့သို့ လှည့်သွားပြန်သည်!
"ကျောင်းမှာ ဘာဖြစ်လာလို့လဲသားလေး!"
"မဖြစ်ဘူး!"
"Appa ကိုအမှန်တိုင်းပြောသား!"
"အမှန်အတိုင်းပြောရင် Appa ကလုပ်ပေးနိုင်မှာမို့လား?"
"ဒါပေါ့ ..သားလေးဖြစ်ချင်အားလုံး လုပ်ပေးမှာ!"
"မာမား ကိုလေး တစ်ခန်းလုံးက မာမားလို့လိုက်ခေါ်ကြတာ သားမကြိုက်ဘူး
သားတစ်ယောက်တည်းခေါ်ချင်တာ..
အဲ့ဒါသားတစ်ယောက်တည်းခေါ်လို့ရအောင် လုပ်ပေး!""ဟမ်!"
အခုမှ တကယ်နားကားပြီ!
>>>>>>>>>>>>>>>>>>>>>>>
Mashi တစ်ယောက် အိမ်ပြန်ရောက်တော့ ဒီနေ့ဝတ်လာသည့် အင်္ကျီအဖြူကို လျှော်ရန် ဆပ်ပြာစိမ်လိုက်သည်!
"အင်္ကျီ က အရောင်လည်းမစွန်းပဲနဲ့!"
"ဒီအင်္ကျီနဲ့ ငါနဲ့ အရမ်းများကြည့်ရဆိုးနေလို့လား?"
အင်္ကျီကို ဖင်လှည့်ခေါင်းလှည့် ကြည့်ရင်း အချိန်ကုန်နေမိတာ နာရီဝတ်ပင်ကြာသွားသည်!
ရေကြာကြာစိမ်ရင် ဖျားတတ်သည့် အကျင့်ရှိသူမို့ အင်္ကျီအကြောင်းစဥ်းစားတာ ရပ်ပြီး မြန်မြန်ရေချိုးလိုက်သည်!"အားးစားစရာလည်း မဝယ်လိုက်ရဘူး!"
ရေခဲသေတ္တာထဲမှာရှိနေသည့် ခေါက်ဆွဲ ခြောက်ကို သာပြုတ်စားရန်ပြင်လိုက်သည်!
"အားးငါ့အင်္ကျီက ဘာဖြစ်နေလို့လဲ?
အလကားသက်သက် လူကိုအာရုံများအောင်
အဲ့ကလေးအဖေကလေ တကယ်ပါပဲ!!"ခေါက်ဆွဲ ပြုတ်နေစဥ် စိတ်က အင်္ကျီတွင်သာ!
3 မိနစ်လောက် ကြာကြာထားပြီးတဲ့နောက်မှာတော့ ပူပူလောင်လောင် ခေါက်ဆွဲလေးရပါတော့သည်!