(Unicode)
ရေသောက်နေရင်း ခုချိန်ထိ မီးဖွင့်ထားဆဲ အိမ်ရှေ့ခန်းကြောင့် Junkyu ထိတ်လန့်သွားသည်!
ပုံမှန် 7 နာရီလောက်ဆို Junkyu လည်း အောက်ထပ်ကို ဆင်းမလာတော့သလို 8 နာရီလောက်ဆို ဧည့်ခန်းမီးက အမြဲပိတ်ထားသည်!"သားလေး.. ဘာတွေ ကုန်းရေးနေတာလဲ?"
တစ်ကုပ်ကုပ်နဲ့ စာရေးနေတဲ့သားလေးကို Junkyu တွေ့လိုက်တာကြောင့် ရေအမြန်သောက်ကာ သားလေးကို မေးမြန်းရတော့သည်!
"မနက်ဖြန် စာမေးပွဲဖြေရမှာ
အဲ့တာ ရေးတာလေ့ကျင့်နေတာ!""သြော်..!"
"စာလုပ်တာခက်လိုက်တာ!
မဖြေနိုင်ရင်ရိုက်မှာတဲ့ ဟူး!
မိဘလည်းခေါ်ရမယ်တဲ့!"ကလေးက ငြီးငြီးငြူငြူပြောသည်!
Junkyu သည်လည်းရေခွက်ကို ကိုင်ထားဆဲမှာပင် ချက်ခြင်းဆိုသလို အတွေးထဲအကြံများထုတ်နေသည်!"အာ..အကြံရပြီ!"
ဒီလိုအချိန်မျိုးဆို လျင်မြန်စွာ အကြံကောင်းတွေ ထွက်ကျလာသည့် သူ့ဦးနှောက်ကို သူချီးကျူးမိသည်!
"ဘာလဲ Appa!"
"သားလေး စာမလုပ်နဲ့တော့!"
"ဗျာ..Appa ကလည်း
စာမလုပ်ရင် မဖြေနိုင်ပဲ နေမှာပေါ့!
အဲ့ဆို မာမားက မိဘခေါ်မှာတဲ့ ပြီးတော့
ရိုက်မှာပါဆို!""အင်းလေ..အဲ့ကြောင့်ပဲ စာမလုပ်ခိုင်းတာ!"
"ဗျာ..Appa!!!"
ကလေးက ဒေါသကြီးစွာ ဇွတ်အော်သည်!
အင်းး ဒါကလည်းသူ့အမေနဲ့တူလွန်းလှသည်!
တစ်ခုဆို အော်ဖို့သာတက်သည့် သူ့အမေ!"အော်လိုက်တာ သားလေးရယ်
ဒီမှာကြည် Appa ပြောပြမယ်!"ဒီမှာကြည့်ဆိုတော့လည်းကလေးက သူ့ကိုအာရုံစိုက်စွာ ကြည့်ရင်း သူပြောမည့် စကားကို သေချာနားထောင်နေလေသည်!
"သားလေးအရိုက်မခံစေရဘူးကွာ
Appa အာမခံတယ်!
သားလုပ်ပေးရမှာက စာမေးပွဲမှာ
ဘာမှမဖြေ ဖို့ပဲ !""ရိုက်ခံရမှာပါဆို!..အီးဟင့်!"
"ဟာ..သားလေး မငိုနဲ့လေ
အရိုက်အခံစေရဘူး Appa အား မခံပါတယ်ဆို..သားသာ ဘာမှမဖြေ ရင် Appa က သားလိုချင်တာတွေ အကုန်ဝယ်ပေးမယ်!"