(Unicode)
ကားထဲမှာ အေးစိမ့်စိမ့်နှင့် ထိုင်နေသည်မှာ 5 မိနစ်ခန့်ရှိပြီ!
ဒီလူ ဘာလို့ ကားမမောင်းသေးတာပါလိမ့်!"မင်း..ကားမစီးဖူးဘူးလား!"
"ဗျာ!"
မိုက်ရိုင်းလိုက်တာ လူကိုများ ကားမစီးဖူးဘူးလားတဲ့?
ငါဘာများမှားနေလို့လဲ?"ကျစ်..ခါးပတ် ပတ်လေကွာ
တကယ်ပဲ!""အာ..!"
ထိုခါမှ သတိရသည်!
ဟုတ်ပ့ ဟုတ်ပ့ သူမေ့နေခြင်းပင်!
ဒါကို အခြားစကားလှလှလေးသုံးပြီး ပြောလို့ရသည်ပဲလေ!
ဘာကိစ္စ လူကို အထာကြီးနဲ့ ပြောလဲ?
စကားအပြောအဆို မတက်ပုံကတော့ သြချရလောက်သည်!"ညာကွေ့ရမှာလား!"
"ဟုတ်တယ်ဗျ!"
ကားပေါ်မှာ လေထုက အေးစက်စက်ပင် Mashi ကလည်း မှန်မှတစ်ဆင့် အပြင်ကိုသာ ခပ်တွေတွေလေး ငေးကြည့်ရင်း လိုက်လာခဲ့သည်!
"သားလေးရဲ့ အတန်းပိုင်ဆိုတော့
Ph no ပေးထားလို့ရလား?
တစ်ခုခုဆို ကလေးအခြေအနေမေးရအောင်လို့!""ဗျာ..ရပါတယ် Junyoungလေး အဖေရဲ့!"
Junkyu က ပြုံးလိုက်သည်!
ဘာကြောင့် ပြုံးသည်လဲ Mashi မသိ!"လက်မအားလို့ ph ကို ယူပြီး နံပါတ်ထည့်လိုက်!"
ဘယ်လောက်တောင်မှ
အထက်စီးဆန်လိုက်လဲ?
Ph no ပေးရမည့်သူက Mashi ဖြစ်ပါလျှက်နဲ့ ph ကို တရိုတသေ မပေးပဲ မေ့ငေါ့ကာ ယူစေသည်!တော်တော်...ဒီလူကိုတော့ လက်လန်တယ်!
"အင့်..မှတ်ပြီးပြီ!"
Ph လေး Junkyu လက်ထဲ ရောက်သည်နှင့် လောလောလတ်လတ်က မှတ်ထားသည့် နံပါတ်ကို နှိပ်ကာ ခေါ်လိုက်သည်!
_Ring_
"မှတ်ထား.. အဲ့ဒါ ကိုယ်နံပါတ်
နာမည်က Kim Junkyu. .
Junkyu hyung လို့ မှတ်ထား!""ဗျာ! ဟုတ်ဟုတ်!"
Mashi တစ်ယောက် အူကြောင်ကြောင်နှင့် သူမှတ်စေလိုသည့်အတိုင်း မှတ်လိုက်သည်!
"အသက်က ဘယ်လောက်လဲ?"
"23 နှစ်ပါဗျ!"
"သြော်...!"