part-4

4.8K 296 19
                                    


Unicode

"ဟုတ်....ဟုတ် လာ ဟေ့ယောင်တွေ သွားကြရအောင်"

အိမ်ထဲမှ ကပြာကသီ ပြေးထွက်သွားကြသော အစေခံ​တွေကို ကြည့်ရင်း ဧကရာဇာစိတ်တို့အတောမသတ်နိုင်သေးပေ၊ သူ့ဘဝထဲမှာ ပြေးကြည့်မှ  ဒီသားတစ်ယောက်သာ ရှိတာမို့ သားတစ်ခုခုမှာကိုတော့ သူသေတာထက်ကို ပို ကြောက်နေမိသည်၊ ကိုလုပ်ကိုင်နေတဲ့ အလုပ်တွေကလည်း အသူခံ လည်သူစံသည့် ဒုစရိုက်အလုပ်တွေကြီးပဲမို့ ရန်သူဆိုတာ ဘယ်သွားသွား အပြည့်ပင်။

ဒါ့ကြောင့်မို့လည်း သားကို ဘယ်နေရာမှ မလစ်ဟင်းရစေရန်အတွက် သူ့ကိုယ်သူတောင်အမှုမထားဘဲ အစစအရာရာ ဂရုစိုက်ထားခဲ့သည်၊ ဘယ်နေရာစမ်းစမ်း ဟာကွက်ကိုမရှိသည့် သူ့လိုလူအတွက် သားသာလျှင် အားနည်းချက်ဖြစ်ခဲ့သည်။

ဒီအကြောင်းတွေကို သူ့လောကထဲက လူ့တစ်ချို့က ရိပ်စားကောင်းရိပ်စားနိုင်ကြသည်။ ဧကရာဇာဆိုတဲ့ကောင်ဟာ  မက်ရိုင်းစော်ကားကာ ဘယ်လိုပဲ  အားကြီး နေပါစေ သားနဲ့ပတ်သက်လာရင်တော့ သူ့မာနတွေ အသေးအဖွဲ့လေးသာ ရှိတတ်သည်ကို သူတို့တွေသိကြသည်။

ဒါကြောင့်လည်း သူတို့ သားကို အရမ်း လိုချင်နေ​ကြသည်။ ဒါမှသာ သူ့ကို အနိုင်ရမည်မဟုတ်လား...

အခုတော့ဖြင့် အတန်တန်မှာထားရဲ့သားနဲ့တောင် စောက်တလွဲ​ဖြစ် အောင်လုပ်ခဲ့သေးသည်။

ပြီးတော့ သားအထိန်းတော်နောဖော၊ ကလေးတစ်ယောက်လုံး ပျောက်သွားတာတောင် မသိလိုက်တဲ့အထိ နမော်နမဲ့နိုင်လွန်းတဲ့မိန်းမ။

ဧကရာဇာတစ်ယောက် ဒေါသတို့နှင့်သာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်ရှိသော နောဖောဘက်သို့လှည့်လိုက်သည်။ နောဖောကတော့ အပြစ်ရှိလို့လားတော့မသိ သူ့ကို စေ့စေ့လေးတောင်ပြန်မကြည့်ဘဲ ခေါင်းကိုသာ ကျိုးကျမတတ်ငုံ့ထားလေသည်။

သိပ်စိတ်ပျက်စရာကောင်းလှပါ၏။

"​နော​ဖော!!!!"

"ရှင်...ရှင် သ...ခင်လေး"

"နင်အိမ်မှာ ဘာလုပ်နေလဲ "

"ကျမ...ကျမဟို..ဟို"

"တော်စမ်း ..."

သူပိတ်အော်လိုက်တော့  နောဖောတစ်ယောက် တစ်ကိုယ်လုံးတုန်တက်သွားသည်။ ပုံမှန်ဆို သူ့အား  အေးအေးဆေးဆေးဆက်ဆံ တတ်သော ကိုယ့်အမူအကျင့်ကြောင့်လဲပါမှာပေါ့...

💥💥မာဖီးယားလား... သနားတယ်💥💥Where stories live. Discover now