part-24

2.3K 131 8
                                    

Unicode

Unicode

"ကျွန်တော်နားချင်ပြီ.... "

တခေတ်သူ့အနားမှာ ကြာကြာမနေချင်တာကြောင့် တမင်ပြောလိုက်ခြင်းပင်။ ဒါကို အတည်မှတ်သွားသည့်သူက ခါးပေါ်ကနေတစ်ဆင့် တခေတ်တစ်ကိုယ်လုံးကို သိုင်းဖက်ထားသည့် သူ့လက်တွေကို ဖြည်းဖြည်းချင်း ဖြေလျော့ပေးလာသည်။

"သွားချင်ရင်သွားလေ ဒီနေ တနေကုန် အခန်းထဲမှာ နေနေရတာဆိုတော့ မင်းလည်း ပင်ပန်းလှရောပေါ့ သွားပါ ကိုမတားပါဘူး  ....ဒါပေမဲ့ ကိုနဲ့ ဝေးရာကိုတော့ ပြေးထွက်မသွားပါနဲ့ကွာနော် မင်းမရှိရင် ကိုအသက်ရှင်နေရတာတွေက အသက်မဲ့ လွန်းလို့ပါ"

ခပ်ရှရှသူ့အသံတို့က တရကြမ်းတိုးခွေ့နေသော လေတိုက်သံတို့လားမသိ လွမ်းဆွတ်ကြေကွဲ နေသလိုပင်။ တခေတ် သူ့ဘက်ကို လှည့်ကြည့်လိုက်တော့ တခေတ်ကို မမြင်​စေချင်လို့လားမသိ မျက်နှာအား တခြားတစ်ဖက်သို့ လှည့် သွားလေသည်။သို့ပေမဲ့လည်း မမြင်စေချင်သော သူ့မျက်ဝန်းတွေကိုတော့ မြင်ဖြစ်အောင် မြင်မိလိုက်သေးသည်။ နှုတ်ခမ်းနှစ်လွှာတို့က ပြုံးနေသယောင် ဟန်ပြင်ထားပေမဲ့လည်း မလိမ်တတ်သည့် မျက်ဝန်းတွေကတော့ဖုံးဖိမရနိုင်အောင် ကြေကွဲနေလေသည်။

"သွားတော့လေ....တခေတ် မနက်ဖြန်လည်း ကျောင်းတက်ရအုံးမှာမလား"

"ခင်ဗျာ.... ကျောင်း.... ကျောင်းလို့ ပြောလိုက်တာလားဟင်"

"အင်း ဟုတ်တယ်"

"ခင်ဗျားနောက်နေတာတော့ မဟုတ်ပါဘူးနော်"

"သေချာတာပေါ့....ဒီနေ့တနေကုန်လုံး  ကို ခဏခဏ ပြန် စဥ်းစားကြည့်မိတယ်... ကိုအခုလုပ်နေတာတွေက မင်းကို သိပ်ချစ်လို့ ဆိုပေမဲ့ မင်းအမြင်မှာတော့ ကိုက သိပ်ကြောက်စရာ ကောင်းတဲ့ လူတစ်ယောက် ဖြစ်နေပြီ လေ....ကိုသိပ်အတ္တကြီးမိသွားတယ် တခေတ် ဟုတ်တယ် ကိုသိပ်ကိုအတ္တကြီးမိသွားမယ် ...အထူးသဖြင့် မင်းနဲ့ သားအပေါ်မှာပေါ့ တကယ်ဆို  ကို့ဘဝထဲကို မင်းလေးကို  ဆွဲမသွင်းသင့်ဘူး ကိုသိပ်မှားသွားတယ် တခေတ်ရယ်...အဲ့တာကြောင့် ကိုယ့်အမှားကို ပြန်ပြင်တဲ့အနေနဲ့ ဒီနေ့ကစ မင်းဘဝကို မင်းကြိုက်သလိုနေလိုနေလို့ရပြီ ကလေးငယ်.... ဒါပေမဲ့ ကို့ရင်ကိုတော့ အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် မလုပ်လိုက်ပါနဲ့နော် ဒီတစ်ခုတော့ ကိုတောင်းဆိုလို့ရတယ်မလား တခေတ်.... "

💥💥မာဖီးယားလား... သနားတယ်💥💥Where stories live. Discover now