part-18

3.2K 175 5
                                    

Unicode

မေ့ဆေးအရှိန်ကြောင့် လဲ ကျနေဆဲ ဖြစ်သည့် ဟိုမြေးအဖိုးနံဘေး ငုတ်တုပ်ကလေးထိုင်ကာ ရှိုက်ကြီးတငင် ငိုနေသော အကောင်လေး ကြောင့် ဧကရာဇာခဗျာ ရယ်ရအခက် ငိုရအခက်ပေ။

ဒီကောင်လေးတော်တော်တော့ အငိုသန်လှ၏။ စဝင်လာကတည်းက ပြောလိုက်ငိုလိုက်နှင့် ယခုထက်ထိပင် အနားမပေးသေး မောလည်းမမောနိုင်ရှာပေ။

ရောက်လာကတည်းက လူသတ်တယ်ချည်းပဲ လုပ်နေသော ဒီကောင်လေးက သူ့အား လုံးဝကို ဖြေရှင်းခွင့်မပေး ဘူးခံခါသာ ဇွတ်ငြင်းနေ၏။

"အီး....လူယုတ်မာကြီး.... "

ဟောဗျာ....ဘယ်နှယ့် လူယုတ်မာတုန်း
ပြောတာကြနားမထောင် တယ်လည်းခက်တဲ့ သောက်ကလေး....

ကောင်လေးကိုကြည့်​နေရင်းကပင် ဧကရာဇာ တစ်ယောက် ဟက်ခနဲ ရယ်လိုက်မိလေသည်။

"အော်....အခုလိုအချိန်မှာတောင် ခင်ဗျားက ရယ်နိုင်သေးတယ်ပေါ့ ဟုတ်လား ခင်ဗျား မရှက်ဘူးလား...ဟမ် မရှက်ဘူးလားလို့ လူယုတ်မာကြီးရဲ့..."

ကြည့် နှုတ်သီးခေါင်းလျှာပါးလေး...

"ရော....မင်းနဲ့တော့ ခက်ပြီ ရောက်ကတည်းက  မင်းချည်းပဲပြောနေတာ ငါ့လည်းပေးပြောပါအုံး....နေစမ်းပါအုံး  ငါက ဘယ်မှာ ယုတ်မာနေလို့လဲ  ပြော"

"ဘာ....ခင်ဗျားဘာပြောတယ်...ခင်ဗျားက  ယုတ်မာဘူးပေါ့ဟုတ်လား ဟုတ်လား ဒါဆို ဒီမှာလဲ​နေတဲ့လူတွေက ဘာတွေလဲ ....ဘာတွေလဲလို့ ပြောစမ်းပါအုံး"

"သူတို့က..."

"ကျစ်...မဟုတ်သေးပါဘူးကွာ...မင်းနဲ့တော့ ခက်ပြီ...ငါပြောမယ် သေချာနားထောင် အဲ့ မြေးအဖိုးကို ငါမသတ်ဘူး"

"​အော်....ဟုတ်လား  အဲဲဒါဆိုသူတို့နှစ်ယောက်က ကိုယ့်ကိုကိုယ် အသက် အသေခံ ပြီး သတ်သေကြတယ်ပေါ့လေ အဲ့လိုလား  အလကား  ဗြောင်လိမ်ဗြောင်စား!!! လူ့အောက်တန်းစား"

"ဘာကွ....မင်းဘာပြောတယ်"

"ခင်ဗျားနားကန်းနေလို့လား...."

"မင်း!!!!"

"ဘာလဲ....ဘာဖြစ်ချင်လို့လဲ သတ်ချင်လို့လား သတ်ပြစ်လိုက်လေ သေလည်းတစ်ပူအေးတာပေါ့ မဟုတ်ဘူးလား"

💥💥မာဖီးယားလား... သနားတယ်💥💥Where stories live. Discover now