part-28

2.1K 110 5
                                    

Unicode

"ဘယ်လိုလုပ်လိုက်တာလဲ ကိုကိုရာ"

"ဘာလို့လဲ bae  ကိုက ဘာလုပ်လိုက်လို့လဲ"

"ဘာရမလဲ အခု ကိုကို လုပ်ပုံတွေက လုံးဝကို မဟုတ်သေးဘူးလေ  ပြန်ချင်တယ်ဆိုရင်တောင် အခြေအနေလေး ဘာလေး​တော့ကြည့်အုံးမှပေါ့ အခု
ကိုကိုလုပ်လိုက်တဲ့ ပုံစံက ရိပ်ကို သိပ်အားနားစရာကောင်းလွန်းတယ် ကိုယ့်ကိုကိုယ် လည်း စဥ်းစားကြည့်အုံး တကယ်ပဲ"

ကားပေါ်စတက်ကတည်းက ရိပ်ကို အားနာသည့်အကြောင်းကိုသာ နားကွဲ မတတ် တရစပ်တည်းပြောနေသော တခေတ်လေးကြောင့် ဥက္ကာမောင် လည်း အနေတော့ မချောင်လှ။ လုပ်လိုက်တာနည်းနည်း အပြောခံထိနေတာက များများဖြစ်နေလေ၏။

"ဟေး..ကိုကို တခေတ်ပြောတာတွေရော ကြားရဲ့လား"

စလာပါပြီလေ နှုတ်ခမ်းလေးကို အစွမ်းကုန်ထော်ရင်း မှုန်ညိုနေသော ရစ်စိန်ပေါက်စလေး..... လွမ်းရက်တွေက များခဲ့လွန်းလို့လားမသိ တစ်ကြိမ်တစ်ခါမျှ တောင် မနမ်းရှိုက်ဖူးသေးသော ဒီနှုတ်ခမ်းပါးလေးက ရဲရဲတောက်ကာ လှချင်တိုင်းလှနေပြန်ရော့သည်။

သိပ်မကြာခင်လေးမှာတော့ ဒီကလေးပေါက်နဲ့  ကျိန်းသေကို  ရန်ပွဲ ထသတ်ရအုံး ပေ​တော့မည်။

"ကိုကို!!!!"

"ကျစ်....တခေတ်ရာ ဖြည်းဖြည်းလေး အော်ပါလားကွာ ကိုကို ကြားပါတယ်"

"ကြားရင်လည်း ပြန်ပြောလေ တကယ်ပဲ ဘာမှန်းကိုမသိဘူး သိပ် စိတ်ပျက်စရာ ကောင်းတယ်"

"bae..."

"မခေါ်နဲ့ မကြားချင်ဘူး"

"လုပ်ပြီကွာ baeကလည်း ကိုကိုက မလို ဘူးထင်လို့ မပြောလိုက်တာလေ  ပြီးတော့ အဲ့ကောင်လေးကိုလည်း ပြန်မယ်လို့ ကိုပြောခဲ့သေးတယ်လေ baeလည်းသိရဲ့သားနဲ့ကို "

"ဒါက ဒါကလေ သူကတော့ တခေတ်ရယ်  မသွားပါနဲ့လို့ ပြောပါ့မလား စဥ်းစားကြည့်အုံး"

"ဟုတ်ပါပြီကွာ ကိုမှားတယ် ဟုတ်ပြီလား အခုရော အဲ့ကို ပြန်မောင်းပေးရမလားပြော"

"လူကိုလာမရွဲ့နဲ့"

"အယ် ဘယ်မှာ ကိုရွဲ့နေလို့လဲ"

💥💥မာဖီးယားလား... သနားတယ်💥💥Where stories live. Discover now