part-7

5K 277 3
                                    

Unicode

"အော် ဒီကလေးနဲ့တော့လေ ခြင်ကိုက်တာလေးကိုများအလန့်တကြားထအော်ရတယ်လို့ မေမေ ဖြင့် ဒီမှာ ​ရင်​တွေပါတုန်သွားတယ်"

"အာ..sorry....sorryနော် မေမေ  သားက ခြင်...ဟို...အ...မကိုက်နဲ့လေ.... အ.... နာတယ်လို့..ဟာ ပြောလို့မရဘူးလား "

"ဟဲ့ဟဲ့  သားရေ  ဘာကိုပြောမရတာ တုန်း"

"အော် ဟို...ဟို ခြင်ပဲ မေမေ ခြင်...အ...မကိုက်နဲ့လို့"

"ဟင်...သားကတော့လုပ်ပြီ"

တခေတ်  ဘယ်လိုမှ phဆက်ပြောလို့မရ​တော့။ခါးကိုလက်သျှိုရုံနှင့်တင်အားမရ နားသယ်စပ်လေးကိုပါ စုပ်လိုက်နမ်းလိုက်နှင့် တချက်တစ်ချက် ဖွဖွလေးပင် ကိုက်လာသော သူ့ကြောင့် တခေတ်တစ်ကိုယ်လုံး ရှိန်းတိန်းတိန်းတွေပါဖြစ်လာရသည်။ အ​​တောသတ်ချင်သေးသည့် ဒေါသတွေကလည်း အလိပ်လိုက်ကို ထွက်လာရလေ၏။ဖြစ်နိုင်ရင် သူ့ကို ဒီနေရာမှာတင်ကို အသေသာ သတ်ပြစ်ချင်လိုက်သည်။

သို့သော်လည်း သူချုပ်ထားတာကို ခံထားရသဖြင့်  လွတ်အောင်ရုန်းဖို့ကိုတောင် ဘယ်လိုမှ မတတ်နိုင်၊ လွတ်နေဆဲ တံတောင်ကွေးနှင့်သာ သူ့ဗိုက်အား အားပါပါ တွတ်ပြစ်လိုက်တော့သည်။

"အ..မင်း..."

"ကျစ်!!!"

သဘောမကျသလိုပုံစံမျိုးနှင့် နှုတ်ခမ်းနှစ်ခုကိုတွန့်ခေါက်ပြစ်ရင်း လက်တွေကို ဆက်ချုပ်မထားတော့ဘဲ အထိုက်အသင့် ပြေလျော့​​ပေးလာသော သူ့ကြောင့် တခေတ်သူ့ရင်ဘတ်မှ ရုန်းထွက် ပြစ်လိုက်သည်။  မျက်နှာကတော့ မှုန်ညိုစွာဖြင့်သာတ​​​ခေတ်ကို ပြန်ကြည့်နေလေ၏။ သဘောကတော့ မြန်မြန်ပြောဆိုသည့် ပုံစံမျိုး....

"ဟို လေ မေမေ သားအလုပ်လေးနည်းနည်းရှိသေးလို့ ပြီးမှ သားပြန်ဆက်လိုက်မယ်နော်...တလက်စတည်း ဖေဖေ့ကိုပါ  အရမ်း သတိရ နေပါတယ်လို့ ပြောပေးနော်"

"အေးပါကွယ်...အေးပါ မေမေ့အချွဲလေးကတော့ ပိုကိုပိုလွန်းတယ်"

"အဲ့ဒါဆိုလည်း ဒါပဲနော် မေမေ သား...."

"ဖြန်း..."

💥💥မာဖီးယားလား... သနားတယ်💥💥Where stories live. Discover now