Unicode
"အဲ့ဒါက ဘယ်တုန်း..."
မလှမ်းမကမ်းရှိရေချိုးခန်းဘက်မှ လှမ်းအော်လိုက်သော သူ့အသံတွေကို တခေတ် ကြားရသော်လည်း တမင်မကြားချင်ယောင်ဆောင်ကာသာ ဆက်လျှောက်လာခဲ့လိုက်သည်။
"ကျစ်!!!အဲ့တာ ဘာသောက်ချိုးလည်း မင်းကို ငါမေးနေတယ်လေ ဒါဘယ်တုန်းလို့ "
"တခေတ်ရောင်!!!"
"အ!!!"
ပြောလည်းပြော လက်ကိုလည်း လှမ်းဆွဲလိုက်သော သူ့ကြောင့် ဒယိမ်းဒယိုင် တခေတ်ခန္ဓာကိုယ်လေးသည် အပေါ်ဗလာကျင်းနေသည့် သူ့ရင်ခွင်ထဲသို့ အလိုလို ရောက်ရှိသွားရလေ၏။
"ဖယ်...လွှတ်"
"မလွှတ်ဘူး....ငါမေးတာကိုအရင်ဖြေ"
တခေတ် သူ့မျက်လုံးတွေကို မမှိတ်မသုန်စိုက်ကြည့်လိုက်သည်။ ရင်ထဲတွင်တော့ အမုန်းတရားတို့ကို သက်သေပြုသည့် ဒေါသဝဲဂယက်တို့က ရွာနေသည့်မိုးစက်မိုးမှုန်တို့ သဖွယ် တဖွဲဖွဲရယ်သာ။
ဟိုလူကလည်း သိပ်တော့မခေလှ။ သူ့ကိုသာ အတင်းချုပ်ထားလေ၏။
"ဖယ်လို့ ပြောနေတယ်နော် ဦးဧကရာဇာ"
ညကတည်းက phမပေးလို့ မကြည်ခဲ့တာကတစ်ကြောင်း၊ အခုလို အကြမ်းပတမ်းလုပ်လာတာကတစ်ကြောင်းပေမို့ သူ့အပေါ် သည်းခံနိုင်စိတ်တွေ တခေတ်ဆီမှာ မရှိတော့ပေ။ သူသိပ်ကို တရားလွန်သွားပြီ ။
"ဖယ်....လွှတ် ကျွန်တော့ကို အဲ့လိုတွေ လာမလုပ်နဲ့ ကျွန်တော်မကြိုက်ဘူး"
အနည်းငယ် ဟိန်းထွက်သွားသော တခေတ်အသံတို့က အလုံပိတ် ထိုအခန်းထဲတွင် ပဲ့တင်သံတွေပင် ထွက်ပေါ်သွားလေသည်။ အခန်းသန့်ရှင်းရေး လာလုပ်ကြဟန်တူသည့် အလုပ်သမားများကတော့ သူတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့် လုပ်လာကြလေ၏။
"အဲ့တာ ဘာကြည့်နေတာလဲ ကိုယ့်အလုပ်ကိုလုပ် "
ဧကတစ်ချက်ဟောက်လိုက်တော့ အခန်းထဲမှ အလုပ်သမားတွေ အားလုံး အပြင်သို့ထွက်သူကထွက် ၊ အခန်းထဲ နေသူကနေနှင့် ရုတ်ရုတ်သဲသဲ တွေ ဖြစ်ကုန်ကြလေ၏။ ခြွင်းချက်အနေနဲ့တော့ သူတို့မျက်လုံးတွေအကုန်လုံး ဧကတို့ ဆီသို့ တစ်စက်ကလေးတောင် ရောက်မလာခဲ့တော့။
YOU ARE READING
💥💥မာဖီးယားလား... သနားတယ်💥💥
Romanceဒုတိယအကြိမ်မြောက် စာမူလေးမို့ အမှားပါရင် ခွင့်လွှတ်ပေးကြပါဗျ 18+တွေပါနိုင်တာမို့ ကြိုတင်သတိပေးပါရပါစေ