unicode
"ကဲ အားလုံးပဲ ကျောင်းမဆင်းခင်လေး မှာဒီသင်ခန်းစာကို တစ်ခါတည်း ပြတ်သွားအောင် ဆရာလေးနဲ့ အတူတူ တွက်ကြရအောင်နော် ကလေးတို့"
"ဟုတ်ကဲ့ပါ ဆရာလေး"
ကလေးတွေက တောင်ပေါ်ဒေသကဆိုပေမဲ့လည်း ထင်သလောက် မဆိုးလှ လိမ္မာရေးခြားတော့ ရှိလှသည်။ စာသင်ပေးတဲ့ ဆရာတွေအပေါ်ဆို သိပ် ရိုသေတတ်လွန်းသလားဆရာ့စကားတစ်ခွန်းဆိုတစ်ခွန်းသာ နာခံတတ်ကြသည်။ လုံးဝကို မထွန့်မတတ်ကြ။
တခေတ် စာအုပ်ကလေးကို ကိုင်ကာ ကျောက်သင်ပုန်းအောက်မှ ခုံလေးပေါ်သို့တက်လိုက်သည်။ ဘေးနားမှ မြေဖြူခွက်ကို နှိုက်လိုက်တော့ မြေဖြူကတစ်ချောင်းတစ်လေတောင်ရှိမနေခဲ့....
"အာ....အရေးအကြောင်းဆို ဒီ မြေဖြူကလည်း ကုန်နေပြန်ပြီကွာ သား ဆလိုင်းရေ...."
"ခင်ဗျာ...ဆရာလေး"
"ကျောင်းရုံးခန်းကိုသွား.... ဆရာတို့အခန်းအတွက် မြေဖြူလာထုတ်ပါလို့ ဆရာကြီးကိုပြော....ပြီးရင် မြေဖြူတစ်ဗူးလောက် ထုတ်လာခဲ့နော် သား...."
"အယ် ဆရာလေး....မြေဖြူက မနေ့ကတည်းကတင် ကုန်နေပြီလေ ..."
"ကျစ်ဟုတ်သားပဲ ကြည့်စမ်း မေ့နေတာ"
" ဒါနဲ့ မနက်က ဆရာကြီး မြို့ကနေ ပြန်လာတယ်မလား မြေဖြူတော့ ပါလာမှာပါ .....တခါလောက်တော့ သွားထုတ်ကြည့်ပါအုံးလား"
"သားမနက်ကတောင် သွားထုတ်သေးတယ်ဆရာလေးရဲ့ မရလို့....အခုရေး နေတဲ့ ဟာတောင် ဆရာမလေးတို့ အခန်းထဲက သား သွားချေးထားတာ"
"အော် ဟုတ်လား အေးအေး..... အဲ့တာဆိုလည်းထားလိုက်တော့... ထိုင်ထိုင်"
ဒီနေ့တစ်နေ့လုံးလိုလို တခေတ်အတွက် စာသင်ရတာက လုံးဝကိုအဆင်မပြေလှ တစ်ခုမဟုတ်တစ်ခုက အလွဲလွဲ အချော်ချော်နှင့်သာ။ တခေတ်စိတ်ထဲမှာလည်း စနိုးစနှောက်နဲ့ ဘာကို အလိုမကျနေမှန်းလည်း တခေတ်ကိုယ်တိုင်တောင် မသိ။
"ကျစ်!!!!"
သင်လက်စ သင်္ချာ စာအုပ်အား ပိတ်ရင်း အခန်းထဲသို့ ဝေ့ကြည့်လိုက်သည်။ တွေ့ပါ ပြီ လေ တခေတ်စိတ်ထဲ ခုနေသည့်အရာတစ်ခု။ ပုံမှန်ဆို မြင်နေကျ အနောက် အတန်းဆီမှ ကျိုင်းထောက်ကလေးက ဒီနေ့ကျမှ ထူးထူးခြားခြား ပျောက်နေလေသည်။
YOU ARE READING
💥💥မာဖီးယားလား... သနားတယ်💥💥
Romanceဒုတိယအကြိမ်မြောက် စာမူလေးမို့ အမှားပါရင် ခွင့်လွှတ်ပေးကြပါဗျ 18+တွေပါနိုင်တာမို့ ကြိုတင်သတိပေးပါရပါစေ