part -13

3.9K 234 17
                                    

Unicode

"သား...အတိ"

သူခေါ်လိုက်တော့ အတိလေးက ဆတ်ခနဲ လှည့်ကြည့်လာ၏။ ပြီးတာနဲ့ ပြန်လှည့်သွားပြီး ​ဖိုးမြိုင်လေးရဲ့ ပါးလေးကိုသာ လက်ညှိုးလေးနှင့်ထိုးရင်း တခိခိနှင့်သဘောတွေကျနေလေ၏။


"ကျစ်...သား ကိုကို စာရေးနေတယ်လေ သွားမနှောက်ယှက်ရဘူး လာဒီကို"

"ဝွန့်...လာဖူး တားက တိုတိုနဲ့နေမှာ....နော်တိုတို"

ဗုဒ္စေါ....
တခေတ် ဒီကောင်လေးကို ကြည့်ရင်း ဘုရားတမိလိုက်သည်။ အခန်းတည်းဝင်လို့ စာစသင်ကတည်းက ဖိုးမြိုင်လေးဘေးတွင်သာ စွန်ဝဲသလို ဝဲနေသော ဒီကောင်လေးက တော်တော်တော့ ခေါင်းကြောတင်းလှသည်။ သူဘယ်လိုလိုခေါ်ခေါ် ဘယ်လိုမှပင်မလာ...ဖိုးမြိုင်လေးဘေးမှာတောင် ဝင်ထိုင်လိုက်သေး၏။တော်တော် လက်ပေါက်ခက်တဲ့ ​​သောက်ကလေး
..

သူ့လက်သေးသေးလေးတွေက ဖိုးမြိုင်လက်လေးတွေကို စုပ်ကိုင်ထားကြသလို တစ်ခါတစ်ခါဆိုလည်း ရှူးခနဲ ရှူးခနဲနှင့် ဖိုးမြိုင်ပါးလေးရဲသွားသည်အထိ ဖက်နမ်းနေတတ်သေး၏။ဒီကလေး...ငစားဘဲ

"အဟက်....ဘယ်လိုဟာလေးမှန်းကိုမသိဘူး...အလကား ဖအေတူသား လူရမ်းကားလေး"

တခေတ် သဘောကျစွာဖြင့်သာ ရေးလက်စစာကိုသာ  ဆက်ရေးနေတော့လေ၏။ အနောက်တွင်တော့ ဟိုနှစ်ကောင်က ကမ္ဘာပျက်နေပြီ။

"အာ နာ့လက်ကို အဲ့လို ကိုင်ထားနဲ့လေ"

"ဘာလို့လဲ "

"မင်းအဲ့လိုကိုင်ထားတော့ နာကစာရေးလို့မရတော့ဘူးပေါ့"

"အာ့ဆိုရေးနဲ့"

"ဟာ...နာမရေးရင် ဆရာလေးက နာ့ကိုရိုက်မှာပေါ့လို့"

"အာ့ဆိုရေး...."

ငညစ်လေးလုပ်နေသော အတိကို ဖိုးမြိုင်သိပ်မရှည်တော့ ၊ ဒေါသတွေသာ အလိပ်လိုက်ထွက်နေရ၏။ ဘယ်နှယ့် ....လူကျစာကျရေးခိုင်းပြီး လက်ကိုကျတော့ ကိုင်ထားတယ် အဲ့တော့ ဒီကလူက ဘယ်ဟာ​ကြီးနဲ့ ရေးရမှာလဲလို့...ဝွန်း...

"မင်ကမှနာ့လက်ကို မလွှတ်ပေးတာ နာကဘယ်လိုရေးရမှာကြော...."

💥💥မာဖီးယားလား... သနားတယ်💥💥Where stories live. Discover now