part-10

6.3K 257 9
                                    


Unicode

"အင်း..."

ညီးသံရှည်ကြီးဆွဲကာ မျက်လုံးကိုမဖွင့်သေးဘဲ ဘေးနားသို့ လိုက်စမ်းကြည့်လိုက်တော့ ခပ်နွေးနွေး ကိုယ်ငွေ့တို့အစား အေးစက်စက်အငွေ့အသက်တစ်ချို့ကိုသာသူရလေ၏။ ဘယ်ကတည်းက ထသွားမှန်းမသိသည့် သူ့ကြောင့် သေချာအောင် မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ စူးကနဲ အလင်းဓာတ်က မျက်လုံးထဲသို့ အတင်း တိုးဝင်ရင်းသာ။

"ကျစ်....."

မကျေနပ်စွာဖြင့်သာ တ​​ခေတ်စုတ်သတ်မိလိုက်သည်။တစ်ညလုံးလိုလို အရိုင်းဆန်ဆန် အထိအတွေ့တွေနှင့် လူတစ်ကိုယ်လုံးကို အရူးအမူး ဆက်ဆံနေခဲ့သော သူ့ကြောင့် တခေတ် ကောင်းကောင်းကို မအိပ်ရသေးပေ။ မျက်လုံးတွေလည်း နီရဲကာ ကျိန်းဆက်နေပြီ။ခါးအောက်ပိုင်း တစ်ခုလုံး၌လည်း ကိုင်ရိုက်ထားသည့်နှယ် မထိနိုင်အောင်နာကျင်နေလို့နေလေပြီ။စိတ်ချလက်ချ   အိပ်မယ်လုပ်​ပြန်တော့ ဟော ကိုရွှေ မိုးကလင်းနေပြန်ပြီ။ တကယ်ပါလေ စိတ်ကုန်လိုက်တာ လွန်ပါလေရော....

"တီ...တီ...တီ....တီ"

နားတစ်ခုလုံး ပေါက်ထွက်မတတ်ဆူညံလာသော နာရီ နှိုးစက်သံကြောင့် ဆံပင်​ကြားလက်ထိုးထည့်ရင်းသာ
ငူတိငိုင်တိုင်ကြီးနှင့် အိပ်ရာပေါ် သူထထိုင်​ဖြစ်လိုက်သည်။ တစ်နာရီလေးဖြစ်ဖြစ်
ဆက်အိပ်ချင်သေးသော်လည်း ကျောင်းတစ်ဖက်နဲ့ပေမို့ တခေတ်မအိပ်နိုင်ရှာတော့​ပေ။ ခြုံထားသောစောင်ကို ဖယ်ရင်း ထမည်အလုပ်....

"အ....ကျွတ်...ကျွတ်"

ခါးနောက်ပိုင်းဆီမှ အောင့်သက်သက် ခံစားမှုတစ်ခုက အိပ်ရာပေါ် ဖင်ထိုင်ကျသွားခဲ့လေသလားပင်။

"အာ....ဒီလူယုတ်မာက​တော့ကွာ....ကျစ်"

"ဒေါက်...ဒေါက်....ဒေါက်"

"ဘယ်သူလဲ"

"ဒေါ်လေးပါ ဒေါ်ဆူဝမ်"

"အော်...ဟုတ်ကဲ့ ကိစ္စရှိလို့လား ဒေါ်လေး"

"မရှိပါဘူး ဆရာလေးအိပ်ပျော်နေမှာဆိုးလို့ တမင် လာနှိုးပေးတာအခုနိုးနေပြီဆိုတော့ တခါတည်း ဝင်လာခဲ့မယ်နော်  ရတယ်မလား ဆရာလေး "

💥💥မာဖီးယားလား... သနားတယ်💥💥Where stories live. Discover now