part-36

7.4K 362 96
                                    

Unicode

​လောလောလတ်လတ်ချက်ထားသော ဆန်ပြုတ်ပူပူလေးက အနံ့မွှေးမွှေးနှင့် အငွေ့တထောင်းထောင်းထနေသလောက်  ... လှေကားပေါ် လှမ်းနေဆဲ ခြေလှမ်းတို့က အလောသုံးဆယ်ရယ်သာ...

တနေ့နဲ့တစ်ည သတိလွတ်ထားသည့်   ဟိုအကောင်ပေါက်လေး အခုထက်ထိ ဘာဆို ဘာမှမစားရသေးသည်မို့ အခုလောက်ဆို  ဗိုက်ဆာနေရော့သည်မှာ အမှန်....

ကိုယ့်အတွေးနှင့်ကိုယ်မို့  ဟုတ်​တော့ဟုတ်​နေသည်။ခေါင်းတဆတ်ဆတ်နှင့်သာ အသာဟထားသောကျွန်းတံခါးမှတစ်ဆင့် အခန်းအတွင်းသို့ ဧကဝင်လာခဲ့မိလိုက်သည်။

ထင်ထားသည့်အတိုင်းပင် တခေတ်လေးကနိုးနေလေသည်။ သို့သော်ခုနကလိုတော့ အိပ်ရာပေါ်မှာမဟုတ်တော့ ကြေးဘောင်ခွေမှန်ကွပ်ထားသော ပြတင်းပေါက်နားတွင်သာ မတ်တပ်ကလေးရပ်နေ၏။  ပြတင်းတံခါးနှစ်ဘက် ကိုဖွင့်ရင်းမဆဲနိုင်ကျနေသောဆီးနှင်း စက်တို့ကိုငေးမောနေရှာသည့် အကြင်သူလေးက.....သူဝင်လာတာကို သိပုံမရသေးပေ။

"တခေတ်"

ဧကခေါ်လိုက်တော့ သူ့ကျောကလေးတွန့်ရုံလောက် တစ်ချက် တုန် သွားလေ၏။တစ်စက်တည်းမှာပင် နောက်ထပ်အသံတစ်ခုကို ဧက ကြားလိုက်မိသည်။

"ထွက်သွား...."

လှမ်းနေဆဲခြေလှမ်းတွေက ခေတ္တတဖြုတ်ရပ်တန့်ကုန်၏။

သူသိနေတာလား....

မဟုတ် သူအထင်လွဲနေတာ....

"တခေတ်...."

"ထွက်သွားလို့ပြောနေတယ်လေ"

အနည်းငယ်ခက်ထန်နေသော အသံတို့က တုန်ရီကာ အဖျားခတ်သွားသည်။ ပျက်ထွက်လုမတတ်ဖိကိုက်ထားသော အောက်နှုတ်ခမ်းကတော့ ငိုကြွေးခြင်းအား သက်သေထူလျက်....တခေတ်မောင့်ကို ချစ်ပါသည်....သို့​​သော်ဒီလိုမျိုးတော့ မရူးမိုက်ချင်ခဲ့....  အခုလိုမျိုးတွေသာ ဖြစ်မယ်မှန်းသိရင် တခေတ်မောင့်ကို မချစ်ခဲ့ပါဘူး..... အခုတော့

မောင်သိပ်မိုက်လွန်းတယ်.....

တဆတ်ဆတ်တုန်နေသော အရှေ့နားဆီမှ  ခန္ဓာကိုယ် လေးက မသိမသာ ရှိုက်နေသည်ထင် အသံလေးတွေပါ တစ်ခါတစ်ခါထွက်ထွက်လာ၏။

You've reached the end of published parts.

⏰ Last updated: Jan 30, 2022 ⏰

Add this story to your Library to get notified about new parts!

💥💥မာဖီးယားလား... သနားတယ်💥💥Where stories live. Discover now