14

11.9K 20 0
                                    


“ဟေ့ကောင် မင်း နိုးနေတာလား၊ ငါက အိပ်ပျော်နေတယ်မှတ်လို့”“မအိပ်ပါဘူးဗျာ ခုနတောင် ခင်ဗျားတို့ ပွဲကြမ်းနေတာ ကျွန်တော် ခန လာကြည့်လိုက်သေးတယ်”“ေဟ”ကိုစောတင်မောင် က မြသာကို နှင်းမှုံ နှင့် သူ ပြောခဲ့ကြသည့်အကြောင်းနှင့် နှင်းမှုံ က အခေါ်ခိုင်းလိုက် သည့် အကြောင်း များကို ပြန်ပြောပြလိုက်သည်။“ကြည့်ရတာ သူ နည်းနည်း တော့ တင်းနေပုံ ရတယ်ကွ၊ ငါတို့က သူ့ကို လှည့်ပတ်ပြီး ကျူံးသွင်း လိုက်တယ်လို့ လည်း ထင်နေပုံ ရတယ်”“သူကိုယ်တိုင်က လည်းပါလို့ ပါ ကိုကြီးစောရယ်၊ ကျွန်တော် ခုန လာကြည့်တုံးက ကိုကြီးစော ပုခုံးပေါ်မှာ မျက်လုံးလေးစဉ်းပြီး ပါးစပ်လေး ဟ လို့ ဖီးခံနေတာကြီးကို”“အေးပါ ဘာပဲ ဖြစ်ဖြစ် ခုတော့ သူခေါ်ခိုင်းလိုက်လို့ လိုက်ခဲ့စမ်းပါ”သို့ဖြင့် မြသာ တယောက် ကိုစောတင်မောင် နောက်မှ လိုက်ခဲ့ရလေသည်။ ကိုစောတင်မောင် အိပ်ခန်းရောက်တော့ မြသာ တယောက် နှင်းမှုံကို မျက်နှာချင်းဆိုင်ရမှာ နည်းနည်းတော့ အိုးတိုးအန်းတန်း ဖြစ်နေမိသည်။ အိပ်ခန်းထဲ လှမ်းဝင်လိုက်ကြတော့ နှင်းမှုံ မှာ ကုတင်စောင်းတွင် ထိုင်နေလျှက်က၊“ကိုမြသာ အဲဒီကုလားထိုင်မှာ ထိုင်လိုက်၊ ကိုကြီးစော က ဒီမှာလာထိုင်”

ဟု အခန်းဝ နားမှ ကုလားထိုင်တခုကိုလက်ညိုးထိုးပြလိုက်ပြီး ကိုစောတင်မောင်ကိုတော့ သူမ ဘေးကုတင်ပေါ် သို့ လက်ဖဝါးဖြင့် ပုတ်ပြလိုက်သည်။ မြသာ မှာ အူကြောင်ကြောင်ဖြင့် ကုလားထိုင်ပေါ် ထိုင်ချလိုက်ရပြီး ကိုစောတင်မောင်က ကုတင်ပေါ်မှာ တက်ထိုင်လိုက်သည်။ နှင်းမှုံ က ကိုစောတင်မောင် ခြေထောက်တွေကို လက်ဖြင့် ပုတ်ပြပြီး မွေ့ယာပေါ် တင်ခိုင်းလိုက်သည်။ ကိုစောတင်မောင်က နောက်ဆုပ်ပြီး သူ့ခြေထောက်များကို မွေ့ယာပေါ် တင်လိုက်သည်။ နှင်းမှုံက ကိုစောတင်မောင်ကို ကုတင်ခေါင်းရင်းသို့ ကျောမှီကပ်ထိုင်ဖို့ လက်ဖြင့် ရမ်းပြလိုက်သည်။ ကိုစောတင်မောင်က ဖင်တရွှတ်တိုက်နောက်ဆုတ်ကာ ကုတင်ခေါင်းရင်းဘက်ကို ကျောမှီလိုက်သည်။ ကိုစောတင်မောင်က ကုတင်ခေါင်းရင်းကို ကျောမှီထိုင် လိုက်သည်နှင့် နှင်းမှုံ က ကိုစောတင်မောင် ခါးမှာ ပတ်ထားသည့် မျက်နှာသုတ်ပုဝါကြီးကို ဆွဲချွတ်ကာ ကုတင်အောက်သို့ ပြစ်ချလိုက်လေသည်။ ကိုစောတင်မောင်မှာ မြသာ ရှေ့မှမို့ မျက်နှာပူသလို ဖြစ်နေပြီး မြသာ ကလည်း ဘာမှန်းမသိသော နှင်းမှုံ အပြုအမူကြောင့် ကုတင်ပေါ်မှ သူတို့ နှစ်ယောက်ကို ငေးကြည့်နေ လိုက်သည်။

ဘဝတစ်ခုМесто, где живут истории. Откройте их для себя