1

10.7K 17 0
                                    


ရန်ကုန်မြို့ ဗဟိုလမ်းမကြီး ပေါ်က တခုသော ခြံကျယ်ကြီးနဲ့ ကြီးမားသစ်လွင်တဲ့ ခေတ်မှီတိုက်ကြီးရဲ့ခြံပေါက်ဝမှာ ကြေးဝါဆိုင်းဘုတ်ကြီးနဲ့ ( ခိုင်ရွှေဝါ ) ဆိုတဲ့ အမည်ကို ရေးထားသည် ။ခြံထဲကို နောက်ဆုံးပေါ် တိုယိုတာ နို့နှစ်ရောင် ကားကြီး မောင်းဝင်လာသည် ။ ခြံတံခါးကို ဖွင့်ပေးတာကအသက် လေးဆယ့်ငါးနှစ် အရွယ် ဖြူဖြူသန့်သန့် မိန်းမ ပါ ။သူမသည် ဒီအိမ်ကြီးရဲ့ ချက်ပြုတ်ရေး တာဝန်ခံ ဒေါ်သက်စု ပါ ။တိုက်ကြီးရဲ့ အရှေ့ဖက် ဆင်ဝင်ကြီး အောက်က တံခါးပေါက်ကြီး အရှေ့တည့်တည့်ကို တိုယိုတာကားကြီးငြိမ့်ကနဲ ထိုးဆိုက်လိုက်သည် ။ဒေါ်သက်စုက ကားကြီးဆီကို သွက်သွက်လေး လှမ်းသွားလိုက်သည် ။ကားမောင်းသူ အမျိုးသမီးကို ရိုရိုသေသေ ပုံစံနဲ့ ( မမို..ဘာသယ်ပေးရဦးမလဲ…..)လို့ ဒေါ်သက်စုက မေးလိုက်သည် ။( မလိုဘူး..မသက္…..)ကားပေါ်က ဆင်းလာတဲ့ အမျိုးသမီးက တိုက်ထဲကို ဒေါ်သက်စုနဲ့ အတူ ဝင်သွားသည် ။သူမက ဒီတိုက်ကြီးရဲ့ ပိုင်ရှင် …ရန်ကုန်မြို့လည် တနေရာက ရှိုင်းနင်း စိန်ရွှေရတနာဆိုင်ကြီးရဲ့ ပိုင်ရှင်အသက်လေးဆယ် အရွယ် ဒေါ်မိုမိုရွှေခိုင် ပါဘဲ ။( သမီး ဖုန်းဆက်သေးလား..မသက် . . .)( ဆက္တယ္…မမို …)( ဆက်တယ်….ဇိုဇိုက ကျောင်းက အပြန် ဂျင်မ် ဝင်ကစားမှာမို့ နည်းနည်း နောက်ကျမယ် ဆိုတာမမိုကို ေၿပာလိုက္ပါ ….တဲ႕ )ဒီအချိန်မှာ မိန်းကလေး တယောက်က ရေတခွက်ကို ဒေါ်မိုမိုရွှေခိုင်ကိုတရိုတသေ လာပေးသည် ။သူက တိမ်ပြာ ။အိမ္အကူမေလး ။

ကိုယ်လုံး လှလှနဲ့ အသားဖွေးဖွေး သန့်ပြန့်တဲ့ ဆယ့်ကိုးနှစ် အရွယ် ကောင်မလေး ။ဒေါ်မိုမိုရွှေခိုင် အပြင်က ပြန်လာတိုင်း ဒီ အိမ်အကူ တိမ်ပြာက ရေအေးအေး တခွက်ကို ယူလာပေးသည် ။ဒေါ်မိုမိုရွှေခိုင်က ရေဖန်ခွက်ကို လှမ်းယူကာ မော့သောက်လိုက်ပြီး…( တိမ်ပြာ….မမ လျျော်ခိုင်းထားတဲ့အဝတ်တွေ လျျော်ပြီးပြီလား…….) လို့ မေးလိုက်သည် ။တိမ်ပြာက ( လျျော်ပြီးပြီ.မမ….ကျမ မီးပူတိုက်နေတယ် မမ…) လို့ ဖြေလိုက်သည် ။( ကောင်းတယ်….တိမ်ပြာ…..ကောင်းတယ်…….)ဒေါ်မိုမိုရွှေခိုင် သဘောကျသွားသည် ။ဒေါ်မိုမိုရွှေခိုင် တိုက် အပေါ်ထပ်က သူမ အခန်းကို တက်ခဲ့သည် ။ဖုန်းကို ကုတင်ဘေးက စားပွဲလေးအပေါ်ကို တင်လိုက်ပြီး ကုတင်ပေါ်မှာ လှဲချလိုက်သည် ။ တနေ့လုံး ဆိုင်မှာအလုပ်တွေ ခြာခြာလည်နေခဲ့လို့ ပင်ပန်းခဲ့သည် ။အိမ်နဲ့ ပတ်သက်လို့ ဒေါ်မိုမိုရွှေခိုင် စဉ်းစားနေတာ တခု ။မိန်းမသားတွေ ချည်းဘဲ နေတဲ့ သူတို့အိမ်မှာ ယောကျ်ားတယောက် လိုနေတာ အမှန်ဘဲ ။ညရေးညတာ သူခိုးကပ်ရင် လူကပ်ရင် ယောကျ်ားတယောက် ရှိတာက ပိုပြီး ကောင်းမည်လို့ ဒေါ်မိုမိုရွှေခိုင်ထသည် ။ ဒါပေမယ့် သူမသည် အရွယ်ရှိသေးတဲ့ ချောချာလှလှ မိန်းမတယောက်ဖြစ်သလို မီးဖိုချောင် တာဝန်ခံ ဒေါ်သက်စုကလည်း လေးဆယ့်ငါးနှစ် လို့သာ ပြောရသည် အသက်သုံးဆယ်လောက်လို့ ထင်ရတဲ့ စိုပြေနုဝင်းနေတဲ့ ရေဆေးငါးကြီး ။ သမီး ဇိုဇို နဲ့ အိမ်အကူ တိမ်ပြာတို့ကလည်း ငယ်ငယ်ချောချောလေးတွေ ။လူငယ်လူရွယ် တယောက်ကို အိမ်မှာ မထားလိုတာ အမှန် ။

ဘဝတစ်ခုWo Geschichten leben. Entdecke jetzt