a

13.9K 25 1
                                    


မူးဝေဝေဖြစ်နေသော အာရုံတို့ တဖြေးဖြေးကြည်လင်လာပြီ....သူမဘယ်ရောက်နေတာလဲ... ဘာတွေဖြစ်နေတာလဲ... စဉ်းစားရင်း .... နားထင်တို့ကို ပွတ်သပ်ရန် လက်ကလှမ်းလိုက်သော်လည်း မရောက်...ထပ်လှုပ်ကြည့်သည် ... မရ ... လက်ကောက်ဝတ်အစုံမှ တင်းကြပ်မှုကိုသာခံစားလာရသည် .....ထိုအခါတွင်မှ သူ့ကိုသူ ပြန်သုံးသပ်ကြည့်သည်... မတ်တပ်ရပ်လျှက်သား ...ထွက်ခွာရန်ခြေလှမ်း လှမ်းလိုက်သော်လည်း .... ခြေထောက်အစုံတို့သည်လည်း လက်ကောက်ဝတ်တို့ နည်းတူ တုပ်နှောင်ခံထားရသည် .....ဝေဝါးဝါးဖြစ်နေသော မျက်လုံးတို့ကို အာရုံစိုက်ကြည့်မှ မြင်ကွင်းတို့လည်းရှင်းလာသည်..အလင်းရောင်တော့ ရှိသည်..... နေ့လား ... ညလား.. မသိ... ဘယ်ကိုရောက်နေတာလဲမြင်နေရသည်က...အတော်အတန်ကျယ်ဝန်းသော အခန်းတစ်ခု အတွင်းရောက်နေခြင်း...နေရသည်က သက်တောင့်သက်သာမဟုတ်... ထိုအခန်း၏ အလယ် တိုင်တစ်လုံးတွင်... ခြေထောက်တို့ကို တိုင်နှင့် ပူးပြီး တုပ်နှောင်ထားခြင်းခံထားရသလို... လက်တို့ကိုလည်း ... တိုင်ကိုခံပြီး နောက်ပြန်တုပ်နှောင်ထားခြင်းခံနေရပါလား.....ဘာဖြစ်လို့ ဒီလိုဖြစ်နေသည်မသိ.....အကူအညီတောင်းရန် .... နှုတ်ခမ်းတို့ ဖွင့်ဟကြည့်ပြန်သော်လည်း မရ... တစ်စုံတစ်ရာက တင်းကြပ်စွာစည်းနှောင်ထားပြန်သည်..ကိုယ့်ကိုကိုယ် ငုံ့ကြည့်တော့ အကျင်္ ီတို့သည်နေရာမကျ .... ရင်သားအားစည်းနှောင်ထားသော ဘရာစီယာသည်လည်း ..... နေရာလွဲကာ ... နေရထိုင်ရခက်မှုကိုခံစားရသည်....

ထို့အတူ..... တိတ်ဆိတ်နေခြင်းက ထိတ်လန့်ဖွယ်ရာ......စိုးရိမ်ကြောက်လန့်စိတ်မှား ဝင်ရောက်လာသည် .....ကၽြီ.....ဖျတ်..ဖျတ်.. ဖျတ်...တံခါးတစ်ခုဖွင့်သံနှင့်အတူ လူတစ်ယောက်ထက်ပိုသော ခြေသံတို့ကို ကြားနေရသည်...ဘယ်သူတွေလဲ... တိတ်ဆိတ်နေကာ သက်တောင့်သက်သာမရှိသောပုံစံတွင် ကြားရသောခြေသံပိုင်ရှင်တို့ကို မျှော်လင့်မိသည် ....ဟော... ခြေသံပိုင်ရှင်တို့ သူမရှေ့ကိုရောက်လာပြီ.... မောင်လေးသီဟ...လှိုက်ခနဲဝမ်းသာမှုတို့က ဘာနှင့်မျှမလဲနိုင်... အရင်တစ်ရပ်ကွက်ထဲနေခဲ့တဲ့ ကောင်လေး သူမနှင့် အထက်တန်းကျောင်းရော တက္ကသိုလ်ပါ ဖယ်ရီအတူစီး... ကျောင်းသွားကျောင်းပြန် အတူတူရှိခဲ့တဲ့ မောင်လေး...မောင်လေးသီဟရေ ... မမကို တုပ်နှောင်ထားတာကို ဖြေပေးပါတော့ကွယ် ... မမအနေရကြပ်လှပြီ..မောင်လေးသီဟ အပြင်နောက်ထပ် ယောကျ်ားလေးနှစ်ယောက်ပါ ပါသေးတယ်.....သူတို့ဘယ်သူတွေလဲ စိတ်မဝင်စား အခု သူဒီအနှောင်အဖွဲ့က အမြန်လွတ်ဖို့ပဲ စိတ်ဝင်စားသည်...
ကျမကသာ မောင်လေးသီဟကို .... အားကိုးတကြီးနဲ့ ကြည့်နေပေမဲ့ ....မောင်လေးသီဟ ပြောလိုက်တဲ့စကားကတော့.......
..စောက်ကောင်မ... နင်ငါ့ကိုကျောသွားတာမှတ်မိသေးရဲ့လား......ငါကတော့ တစ်သက်မမေ့ဘူး... နင့်ကို ဘယ်လို ကလဲ့စားချေရမလဲ .... နင့်ကိုဘယ် ဘယ်လို ပညာပေးရမလဲ ... စဉ်းစားနေတာ... အေးအခုတော့.. ငါ့အလှည့်ရောက်လာပြီ...

ဘဝတစ်ခုWhere stories live. Discover now