17

11.6K 20 0
                                    


ဦးခန့်ညားဟန် ဆိုဖာမှ ကမန်းကတန်း ထလိုက်သော်လည်း အနည်းငယ် နောက်ကျသွားတော့ ဝါဝါစိုး နဖူးလေး စားပွဲစောင်း နှင့် ခြစ်မိသွားသည်။“သမီး သမီး…”ဦးခန့်ညားဟန် စိုး ရိမ်တကြီး နှင့် လှုပ်ပြီး ခေါ်သည်။ ဝါဝါစိုး ဆီမှ ဘာမှ အသံမကြားရတော့ အရေးပေါ်ကို ခေါ်တော့မည် အပြု ဝါဝါစိုး ဆီမှ ငြီးသံလေး ထွက်လာခဲ့သည်။“အား..အီး..”“သမီး ဘယ္လို ေနလဲ ေဆးရံု သြားမလားသမီး”“ရတယ် ဖေဖေ သမီး ကို ဟို ဆေးလေး ယူပေးပါ စင်ပေါ်မှာ”“အင်းအင်း ယူပေးမယ် အခု သမီး အခန်းထဲက ကုတင်ပေါ်မှာ သွား ခနလှဲနေလိုက် ဖေဖေ ပြီးမှ ဆေးနဲ့ ရေ ယူလာပေးမယ်”ဦးခန့်ညားဟန် က ဝါဝါစိုး လက်ကလေး တဖက်ကို သူ့ပုခုံးပေါ် တင်လိုက်ကာ ခါးကလေးကို ကိုင်ပြီး ထရပ်စေလိုက်သည်။ ပြီးမှ ဝါဝါစိုး ခါးလေးကို ကိုင်ထိန်းကာ သူမ အိပ်ခန်းရှိရာသို့ ခေါ်လာခဲ့ပြီး ကုတင်ပေါ် လှဲစေလိုက်သည်။“သမီး တခြား အကြောင်း ဘာမှ မစဉ်းစားနဲ့ အုံး အိုကေ၊ ခု ဖေဖေ ဆေးသွားယူလိုက်အုံးမယ်၊ နောက်ပြီး သမီး အားရှိအောင် အိပ်လိုက်အုံး ဟုတ်လား”မျက်နှာလေး ဖြူလျှော့နေသော ဝါဝါစိုး က ခေါင်းလေး ငြိမ့်ပြလိုက်သည်။ ဦးခန့်ညား ဟန်က ဆေး နှင့် ရေ သွားယူလာသည်။ နောက်တော့ ဝါဝါစိုး နဖူးလေး မှ စားပွဲစွန်း ဖြင့် ဆောင့် မိပြီး ခြစ်မိကာ သွေး နည်းနည်း ထွက်သွားသည့် အနာလေးကို အရက်ပြန်ဖြင့် သုတ်ကာ ဆေးထည့် ပလာစတာ ကပ်ပေးလိုက်သည်။ နောက်တော့ ဆေးတိုက်ပြီး ဝါဝါစိုး ကို အိပ်ယာပေါ် လှဲစေကာ စောင်ပါးလေး ခြုံပေးလိုက်သည်။ ဝါဝါစိုး တယောက် ခနလေး ဖြင့် အိပ်ပျော်သွားတော့သည်။

ဦးခန့်ညားဟန်က အိပ်ခန်းထဲမှ ကုလားထိုင် တလုံး ဆွဲယူကာ ထိုင်ရင်းက အတွေးတွေ ပျံလွှင့်ကုန်သည်။ တကယ်တန်း ဝါဝါစိုး ကို ခုလို မျိုး အားကိုးရာမဲ့ သွားသလို အနေအထား ဖြင့် တွေ့လိုက်ရတော့လည်း သနားနေမိသည်။ သူ့ကိုယ်သူလည်း ဘာမှ သေခြာ မမေးမမြန်းပဲ အတင်း ပြောဆိုမိတာကို နောင်တ ရနေသည်။ တကယ်ဆိုရင် သူမ ကို ရှင်းပြခွင့်လေးတော့ သူပေးသင့်သည်။ ဒီတရုပ်မလေးကို သူငယ်ငယ်ကတည်း က သိခဲ့ရသည့် ကောင်မလေး ၊ သူမ စိတ်ဓါတ် ဘယ်လို ဆိုတာလည်း သိပြီးသား။ တခုတော့ ရှိသည်။ လိင်စိတ်ပြင်းပြ သူလား ဘာလား ဆိုတာကိုတော့ သူမသိနိုင်။ ထိုအရာက တော့ လူတိုင်းရဲ့ စီးခရက် မဟုတ်လား။ သူကိုယ်တိုင်ကရော လိင်စိတ်ပြင်းပြသူ မဟုတ်ဘူးလား။ အပြင်မှာသာ ခပ်တည်တည် ဒါမျိုး ဝါသနာ မပါသလို နေပြီး၊ အတွင်းစိတ် တွေက ထကြွ သောင်းကျန်းသူမို့ မိန်းမ အကိတ်ကြီးယူထားတာ တောင် အားမရပဲ အွန်လိုင်းတွင် အောစာ ပေတိုစလေး တွေ ရေး၊ အွန်လိုင်းပေါ် က ချာတိတ်မလေး တွေနဲ့ ကျူ လုပ်နေသူမဟုတ်လား။

ဘဝတစ်ခုWhere stories live. Discover now