20

11.7K 16 0
                                    


ဦးခန့်ညားဟန် တယောက် အဒမ် နှင့် အိဗ် တို့ နှစ်ယောက် ဆက်ခ်ချပ်ကို အာရုံစူးစိုက် ပြီးဖတ်နေလိုက်တာ အလွမ်းချို အနားရောက်လာတာတောင် သတိမထားမိလိုက်။“မောင် အဲဒါဘာလုပ်နေတာလဲ၊ မဖုံးကို”“မ.. ဒါတွေက ဘာတွေလဲ မ”အလွမ်းချို မျက်နှာ တချက်ပျက်သွားသည်၊ သို့သော်လည်း ကိုယ့်ဟန်ဖို့ ဆိုသလို မျက်နှာကို ပြင်လိုက်ပြီး၊“မောင်က ဘာလို့ မ ဖုံးကို လာပြီး စပ်စု ရတာလဲ ၊ သူများ ပရိုက်ဗိတ်စီကို တယောက်နဲ့ တယောက် နားလည်ရမယ်လို့ သဘောတူထားကြတယ်လေ”“အင်းလေ အာ့တာတော့ မောင်မှားသွားတယ်၊ ဒါပေမဲ့ မလည်း ပြောတယ်လေ တယောက်နဲ့ တယောက်ပွင့်လင်းရမယ်လို့၊ ခုတော့ ဘာလုပ်ထားတာလဲ ဒီချပ် တွေက မောင်လည်း မသိရပါလား”“အင်းပါ အဲဒါအတွက်လည်း မ က တောင်းပန်ရမှာပါ၊ မောင့်ကို ဖွင့်ပြောမလို့အချိန်အခါ စောင့်နေတာ”ဦးခန့်ညားဟန်တယောက် အောင့်သီးအောင့်သက်ခံသွားရသည်။ စိတ်ထဲက တော့ ဟွန့်မိန်းမ မိသွားမှ ဖွင့်ပြောမလို့ ဆိုပြီး လုပ်လာတာ၊ ထားလိုက်ပါတော့ ဘာပြောမလဲ ကြည့်ရအောင်ဟု တွေးရင်း ငြိမ်နေလိုက်သည်။“အိုကေလေ ထားပါတော့ မ တို့ က ဒီလောက်တောင် ချပ်နေကြပြီ ဆိုတော့ ဘယ်အဆင့်ထိ ရောက်နေကြပလဲ ၊ ဘယ်နှစ်ခါတောင် အိပ်ပြီးကြပလဲ”

“အို မောင်က လည်း ဖြည်းဖြည်း ပေါ့၊ မ တို့က ချပ်တာ ချပ်နေကြတာပါ၊ တညတည်းအိပ်ရပါသေးတယ်”“ဘာ”ဦးခန့်ညားအောင် အော်ပြစ်လိုက်သည်။ ဒေါ်အလွမ်းချို စကားထဲက တညတည်းပါ ဆိုသော စကားလုံး ၏ အဓိပ္ပါယ်ကို အတိအကျနားထဲမှာ သတိထားမိသည်။ သူမ က တခါတည်းပါလို့ မပြော တညတည်းပါလို့ သုံးသည်။ တညလုံး ဆိုတော့ စဉ်းစားသာ ကြည့်တော့၊“ဘယ်တုန်းကလည်း”“ပြီးခဲ့တဲ့လက မောင် အလုပ်ကိစ္စ နဲ့ နယ်ထွက်သွားတုန်းကပါ”ဦးခန့်ညားဟန် သတိရလိုက်သည်၊ ထိုအခေါက်က တပတ်လောက်ကြာသွားသည်။ မိုးတွေရွာ တံတားတွေက အခြေအနေမကောင်းတော့ ရာသီဥတုကောင်းအောင် စောင့်ရင်းက မကြာသင့်ပဲ ကြာသွားရသည်။ ဦးခန့်ညားဟန် ဆီမှ ဘာစကားမှ ထွက်မလာသဖြင့် ဒေါ်အလွမ်းချို က စပြီး ပြောလေသည်။“မ စာသွားသွားဖတ်နေတဲ့ ဖိုရမ် ရှိတယ်မလား မောင်တောင် တခါတလေလာဖတ်တယ်လေ”ဦးခန့်ညားဟန် ခေါင်းထဲ တချက် လင်းကနဲ ဖြစ်သွားသည်။ ထို ဆိုက်ကို သူသိသည်။ သူကိုယ်တိုင် ကို က နာမည်ဝှက် ဖြင့် စာတိုပေစတွေ ရေးနေသည် မို့ ထိုဆိုက် က လူတွေ နှင့် ကလောင်နာမည်ချင်းက ရင်းနှီး နေကြသည်။ ဒေါ်အလွမ်းချို က သူစာရေးနေမှန်းမသိခြေ။ သူကလည်း သူ့ဖြစ်ရပ်မှန်တွေ နှင့် သူ့ ဖြစ်ချင်တာတွေကို စိတ်ကူးယဉ်ကာ ရေးနေတာမို့ အလွမ်းချို ကို အသိမပေးချင်၊ လျို့ဝှက်ရေးရတာက ပိုလွတ်လပ်တာမို့ သူ့ကလောင်နာမည်ကို လျို့ဝှက်ထားခဲ့သည်။ ဒေါ်အလွမ်းချို ဘာပြောမလဲ ဟု စောင့်ရင်းက သူသိကြောင်း ခေါင်းညိမ့်ပြလိုက်သည်။

ဘဝတစ်ခုWhere stories live. Discover now