Chapter 01

1.6K 181 1
                                    

|| ရုပ်ချောတဲ့ အမျိုးသားလေးတစ်ယောက် ||

ပူလောင်သည့်နေရောင်က သွေးကဲ့သို့ဖြစ်နေပြီး အရက်ဆိုင်မှစာတန်း[1]များက ဖြောင့်မတ်စွာတည်ရှိနေခဲ့လေသည်။

အကွေ့အကောက်များသည့်မြို့ရိုးက အဆုံးအစမဲ့တောသို့သွားသည့်လမ်းတစ်လျောက်
ကျယ်ပြန့်နေပြီး ထက်ရှသည့်ဓားမြောင်တစ်ချောင်းက ဓားချက်တစ်ချက်ဖြင့် လည်ချောင်းကိုဖြတ်တောက်ပစ်နေသလို။

ထောင့်တစ်နေရာမှာ တောခွေးတစ်စုကစုရုံးနေခဲ့၏။

နေရောင်ခြည်၏အလင်းရောင်က နံရံများ၏နယ်နိမိတ်ကိုကျော်ဖြတ်သွားပြီး ၎င်းတို့ကိုက်ဖြတ်ထားသည့် ချက်ပြုတ်ပြီးသားအသားများပေါ်
ကျရောက်သွားခဲ့လေသည်။

ငါ ခြေတစ်လှမ်းနောက်ဆုတ်လိုက်မိတယ်

ငါက ခွေးတွေကိုအရမ်းကြောက်ပေမယ့်လည်း အကြောင်းပြချက်တွေကိုနားထောင်ဖို့အတွက် ဗိုက်အရမ်းဆာနေခဲ့တယ် အစားစားချင်စိတ်က ငါ့ခေါင်းကိုရှုပ်ထွေးသွားစေခဲ့ပြီး တောခွေးတွေရဲ့ ကြမ်းတမ်းတဲ့တိုက်ပွဲထဲကို ခြေချစေခဲ့မိတယ်

ကြေးနီခေါင်းလောင်း အရွယ်ရှိခွေးတစ်ကောင်က ငါ့ကိုစိုက်ကြည့်နေခဲ့တယ် ငါကောက်ယူထားတဲ့ ဝါးလုံးကို လက်ထဲမှာတင်းတင်းကျပ်ကျပ်ဆုတ်ကိုင်လိုက်ရင်း ငါ့ကိုယ်ငါတစ်တွတ်တွတ်ပြောနေခဲ့မိတယ်

'ခွေးက ရူးရူးမိုက်မိုက်စပြီး မလှုပ်ရှားလာသရွေ့ ငါလည်းမလှုပ်ဘူး'

ခွေးနက်ကြီးကသူ့အမြီးကိုလှုပ်ယမ်းပြီး ငါ့ကိုတည့်တည့်ကြည့်နေခဲ့တယ် ရုတ်တရက်သူရဲ့ပါးစပ်က ဝါးလုံးထိပ်ကို ကိုက်ဆွဲလာခဲ့တော့တယ် ငါက လွှတ်ချပေးလိုက်ပြီး ကြက်ခြေထောက်ကိုကောက်ယူကာ တတ်နိုင်သမျှ မြန်မြန်ပြေးနေခဲ့မိတယ်

ခွေးအုပ်စုက လှုပ်ရှားသွားပြီး ငါ့ကိုလိုက်ဖမ်းကာ မကျေမနပ်ဖြင့်ဟောင်နေကြတော့တယ်

ပြေးဖို့အတွက်ခွန်အားတွေ အလျင်အမြန်ဆုံးရှုံးသွားပြီး ခြေလှမ်းအနည်းငယ်မျှယိမ်းထိုးလျှောက်ပြီးနောက် ကျောက်ခဲကိုခလုတ်တိုက်လျက် မြေကြီးပေါ်သို့ တလိမ့်ခေါက်ကွေးလဲကျသွားခဲ့တယ်

I Fell in Love with My White Moonlight's Arch-Enemy || MM translation Where stories live. Discover now