|| ရှဲ့လင်းက ဒီကမ္ဘာပေါ်မှာ ငါ့ကိုအကောင်းဆုံးဆက်ဆံပေးတဲ့ ဒုတိယမြောက်လူပဲ ||
ရှဲ့လင်းက စိတ်ရှုပ်စွာနဲ့မေးလာခဲ့တယ်
"အဲ့ဒီကြောင်သူတော် ဆုဇယ်ကျိုးက မင်းကိုဘာလို့ဂရုစိုက်မှာတဲ့လဲ?"
အမတအရှင်ဇယ်ကျိုးကို အသရေဖျက်နေခြင်းကို သည်းမခံနိုင်တော့ဘဲ ချက်ချင်းချေပလိုက်မိတယ်
"အရှင်ဇယ်ကျိုးက ကြောင်သူတော်မဟုတ်ဘူး သူကသဘောထားကြီးပြီး အရမ်းကိုကြင်နာတတ်တာ"
ရှဲ့လင်းကလှောင်ပြောင်ပြီး လေးလေးတွဲ့တွဲ့ပြောလာခဲ့တယ်
"တကယ်ကြီး သဘောထားကြီးလိုက်တာ"
ငါက လက်ထဲကခရုခွံကိုလွတ်ချလိုက်ပြီး ငါ့ကိုယ်ငါတွေးလိုက်မိတယ်
'ငါသူ့ကို ခရုခွံတစ်ခုလေးတောင် မပေးဘူး"
"သတ္တိတွေ အရမ်းရှိလာတဲ့ပုံပဲ"
ရှဲ့လင်းက ငါ့ကိုကြည့်လာခဲ့တယ်
"ကောင်းပြီ မင်းရဲ့အရှင်ဇယ်ကျိုးအကြောင်း ထပ်မပြောကြရအောင်"
****
ပင်လယ်ရေပြင်က တဖြည်းဖြည်းအမှောင်လွှမ်းလာခဲ့တယ်
ငါဗိုက်ဆာတယ်
ဒါပေမဲ့ ငါကရှဲ့လင်းရဲ့ဒေါသကို သွားဆွလိုက်မိကြောင့် သူက သေချာပေါက်ကို ငါ့ကိုဂရုမစိုက်တော့ဘူး
ငါကဒူးကိုပိုက်ပြီး သဲသောင်ပြင်ပေါ်ထိုင်ရင်း ရေလှိုင်းတွေကိုကြည့်ပြီး ဝမ်းနည်းမှုကငါ့ကိုလွှမ်းခြုံလာတော့တယ်
စောစောကတည်းကသာ ငါဗိုက်ဆာလာလိမ့်မယ်ဆိုတာသိခဲ့ရင် သူအရှင်ဇယ်ကျိုးကို ကျိန်ဆဲနေတာကိုလွှတ်ပေးထားလိုက်ပါတယ်
ဘယ်လိုပဲဖြစ်ဖြစ် လူကိုယ်တိုင်ကကြားနိုင်တာမှ မဟုတ်တာ
YOU ARE READING
I Fell in Love with My White Moonlight's Arch-Enemy || MM translation
Short StoryRaw Title: 我爱上了白月光的死对头 Author: 三月桃胡 (San Yue Tao Hu ) English Translator: little potato (second life translation) Total Chapters: 11 Genres: Short, Xianxia, Yaoi Raw Link: https://www.gongzicp.com/novel-259636 *I got the permission from the Englis...