Chapter 04

646 127 1
                                    

|| မင်းကငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းကိုမှ
အမူအကျင့်ပျက်ပြားနေတာပဲ ||

ကြက်ခြေထောက်ပေါ်ကအသားတွေကို အပြောင်အစင်စားပြီးတဲ့နောက်မှာ ပါးစပ်ကိုသုတ်လိုက်ပြီး မျက်နှာအနှံ့က အဆီတွေကိုလည်း ပွတ်သပ်ကာ စေးကပ်ကပ်အရှုပ်အထွေးကို ဖန်တီးလိုက်မိတော့တယ်

ရှဲ့လင်းကငါ့ကိုညစ်ပတ်လေးလို့ခေါ်ပြီး အစေခံတစ်ယောက်ကို ငါ့ကိုသန့်ရှင်းရေးလုပ်ပေးဖို့ အမိန့်ပေးလိုက်တယ်

မနှစ်မြို့သလိုအမူအယာမျိုး ပြလာတာက သူတစ်ယောက်ထဲမဟုတ်ဘဲ အစေခံမိန်းကလေးကတောင် ငါ့ရဲ့ညစ်ပတ်တဲ့အသွင်အပြင်ကြောင့် ရွံ့ရှာမှုကိုပြသလာပြီး တစ်ချက်မှမလှုပ်ပဲ ငါ့ကိုအပေါ်၊အောက်စုန်ဆန် စစ်ဆေးနေခဲ့တယ်

"ကောင်းပြီ ကောင်းပြီ သွားတော့"

ရှဲ့လင်းကလက်ကိုဝှေ့ယမ်းပြီး အစေခံမိန်းကလေးကို ထွက်သွားဖို့အချက်ပြလိုက်တော့တယ်

ရှဲ့လင်းကစိတ်သဘောထား တော်တော်လေးကောင်းမွန်တယ်ဆိုတာ ငါသဘောပေါက်လာခဲ့တယ် သူ့မှာမာနကြီးဟိတ်ဟန်ထုတ်တဲ့ လေထုမျိုးမရှိသလို မိစ္ဆာလောကကလူတွေနဲ့လည်း ဆက်ဆံရေးကောင်းမွန်တယ်

****

ရှဲ့လင်းက ငါ့ကိုရေနွေးကန်ကြီးထဲပစ်ချလိုက်ပြီး သူလည်းလိုက်ဆင်းလာကာ အစွန်းဘက်ကိုမှီရင်း အားပြန်ဖြည့်သလို မျက်လုံးတွေကိုမှိတ်ထားခဲ့တယ်

ငါ့လက်တွေက ပြောင်လက်တောက်ပတဲ့ကျောက်စိမ်းလက်ရန်းကိုဆုတ်ကိုင်ထားခဲ့ပြီး မျက်လုံးတွေကအံ့ဩတကြီးနဲ့ တောက်ပနေခဲ့တယ်

အကွေ့အကောက်များတဲ့တောင်တန်းတွေက ရေကန်ကိုဝန်းရံထားပြီး လှိုင်းပမာမို့မောက်နိမ့်ဝှမ်းနေခဲ့တယ် မြူခိုးဖြူဖြူတွေက လေထုထဲမှာပေါ်လာပြီး တောင်တန်းတွေကိုပိတ်ဖုံးကာ မြူစိုင်းသောမဲနယ်ရောင်ရုပ်သဏ္ဍာန်ကို ဆေးချယ်နေခဲ့တယ်

ရေကန်အထဲကကြည့်ရင် အရောင်ကလေထုထဲမှာ လွင့်ပါးသွားသည်အထိ ဖျော့တော့လာပြီး မြူခိုးဖြူဖြူတွေနဲ့ တစ်သားတည်းဖြစ်သွားတော့တယ်

I Fell in Love with My White Moonlight's Arch-Enemy || MM translation Where stories live. Discover now