|| မင်းကိုငိုခွင့်မပေးဘူး ဆက်ငိုနေမယ်ဆိုရင်
ငါမင်းကိုစားပစ်တော့မှာ ||ငါကကလေးမဟုတ်ဘူး ရေသူတွေရဲ့စနစ်အရဆိုရင် ငါကအသက်တစ်ရာနီးပါးရှိနေပြီ
အထူးသဖြင့် ရှုမြင်တွေးခေါ်မှုကဏ္ဍမှာ ၁၀နှစ်အရွယ်ရှိလူသားကလေးပုံစံ ကြီးပြင်းလာဖို့ ရေသူတွေက အနည်းဆုံးအသက်၁၀၀ထိရောက်ဖို့လိုအပ်တယ် သမုဒ္ဒရာရေထဲမှာ အချိန်အတော်ကြာနေခဲ့လို့လည်းဖြစ်နိုင်တယ် ငါတို့မျိုးနွယ်ဝင်အများစုက အနည်းငယ်နှေးကွေးသွားကြတယ်
ဒီနေရာအထိတွေးမိရင်း ငါထပ်ပြီးစိတ်မကောင်းဖြစ်လာမိတယ် ရေသူမျိုးနွယ်က သတ်ဖြတ်ဖျက်ဆီးခြင်းခံခဲ့ရတာလေ မေမေကလည်းဒဏ်ရာကြီးကြီးမားမားရခဲ့ပြီး ပုန်းအောင်းဖို့အတွက် ငါ့ကိုနေရာအနှံ့ခေါ်သွားခဲ့ရတာ သူကသေမင်းတံခါးဝမှာ နှစ်အတော်ကြာ ရုန်းကန်ခဲ့ရပြီး အဆုံးမှာတော့ မကျော်ဖြတ်နိုင်ခဲ့ဘူး
ငါက ဒီကမ္ဘာကြီးထဲကနောက်ဆုံးရေသူတစ်ယောက် ဖြစ်လာခဲ့တယ်
****
"မင်းဘာအတွက် ငိုနေတာလဲ?"
လူကြီးမင်းလေးက မေးလာခဲ့တယ်
ငါကအလျင်အမြန် သူ့ကိုကျောပေးရင်း မျက်လုံးတွေကိုအုပ်ထားပြီး ညင်သာစွာနဲ့တီးတိုးရေရွတ်နေခဲ့မိတယ်
"မငိုနိုင်ဘူး မငိုနိုင်ဘူး...."
ငါ့ကိုယ်ငါမထိန်းချုပ်ထားနိုင်ပဲ ပြတ်သွားတဲ့ချည်မျှင်က ပုတီးစေ့တွေလို မျက်ရည်တွေကမျက်နှာပေါ် ကို မရပ်မနားဖြည်းဖြည်းချင်း စီးကျလာတော့တယ်
မျက်ရည်တွေက ပုလဲတွေနဲ့တူနေပေမယ့်လည်း ပုလဲတွေမဟုတ်ခဲ့ပါဘူးစိုစွတ်တဲ့မျက်ရည်တွေကိုထိလိုက်ပြီး ငါအခုငိုချင်တိုင်း ငိုနိုင်ပြီဆိုတာကို သတိရသွားခဲ့တယ် မေမေမဆုံးခင်က သူကရေသူမျိုးနွယ်ရဲ့ အဖိုးအတန်ဆုံးရတနာကိုအသုံးပြုပြီး ငါ့ရဲ့သွေးကြောတွေကိုချိတ်ပိတ်ကာ ငါ့ရဲ့အထောက်အထားတွေကို ဘယ်သူမှမမြင်နိုင်အောင် ပြုလုပ်ပေးခဲ့တယ်
VOUS LISEZ
I Fell in Love with My White Moonlight's Arch-Enemy || MM translation
NouvellesRaw Title: 我爱上了白月光的死对头 Author: 三月桃胡 (San Yue Tao Hu ) English Translator: little potato (second life translation) Total Chapters: 11 Genres: Short, Xianxia, Yaoi Raw Link: https://www.gongzicp.com/novel-259636 *I got the permission from the Englis...