Chapter 06

609 117 1
                                    

|| ဆုဇယ်ကျိုးစိတ်ပူနေမှာ မင်းကကြောက်နေတာလား? ||

မြွေတွေက တစ်ကောင်နဲ့တစ်ကောင် ရစ်ပတ်နေကြတယ် ခေါင်းတွေကိုမော့ရင်း သွယ်လျတဲ့လျှာရှည်ရှည်တွေကို ရှေ့တိုးနောက်ဆုတ်ထုတ်လာပြီး ငါ့ဆီကိုဦးတည်ပြီး တွားသွားလာကြတယ်

အေးစက်၊စိုစွတ်ပြီး စက်ဆုတ်ဖွယ်.....

အရမ်းကိုကြောက်လန့်တုန်လှုပ်နေတာကြောင့် နောက်လာမယ့်မှတ်ဉာဏ်တွေက အလယ်မှာပျောက်ဆုံးသွားတော့တယ်

****

ငါနိုးလာတဲ့အချိန်မှာ ငါကဝိညာဉ်စမ်းရေကန်ထဲမှာစိမ်နေပြီး ငါ့တစ်ကိုယ်လုံးကဖူးရောင်နေကာ မလှုပ်နိုင်တော့ဘူး

ငါ့မျက်လုံးတွေကလည်းဖူးရောင်နေတာကြောင့် မျက်လွှာတောင် ပင့်မကြည့်နိုင်တော့ဘဲ လူတွေရဲ့ပုံရိပ်တွေကိုတောင် ရှင်းရှင်းလည်းမမြင်ရတဲ့အပြင် ငါ့တစ်ကိုယ်လုံးကနာကျင်နေပြီး နာကျင်မှုက ငါ့အသွေးအသားတွေကို စားသောက်နေခဲ့တယ်

ငါကအရှင်ဇယ်ကျိုးရဲ့နာမည်ကို တိုးဖျော့စွာခေါ်လိုက်မိပြီး အဲ့ဒီအခိုက်အတန့်မှာပဲ လက်ဖဝါးကြီးတစ်ဖက်က ငါ့ခေါင်းလေးကိုပေါ့ပါးစွာပုတ်လာတာကို ခံစားမိပြီး ညင်သာစွာပြောလာခဲ့တယ်

"မကြောက်ပါနဲ့ ငါပြန်ရောက်နေပြီ"

ငါကမျက်လုံးတွေဖွင့်ဖို့ ကြိုးစားလိုက်ပေမယ့် မရေရာဝေဝါးနေတဲ့ ပုံရိပ်ကိုပဲမြင်နိုင်သေးတယ် ငါ့နှာခေါင်းကလည်း ချဉ်စူးလာခဲ့တယ် ငါ့ခန္ဓာကိုယ်ကို ရေထဲနစ်မြုပ်လိုက်ပြီး မျက်ရည်တွေက စမ်းရည်နဲ့ရောနှောသွားကာ အရှင်ဇယ်ကျိုးကိုတွေ့သွားခွင့်ပြုရမှာ တွန့်ဆုတ်နေမိတယ်

အမတအရှင် ဇယ်ကျိုး: "မင်းကိုတောင်နောက်ဘက် မျှားခေါ်ခဲ့တဲ့ တပည့်ကိုချင်းရွှီဂိုဏ်းကထုတ်လိုက်ပြီးပြီ မင်းရဲ့ခန္ဓာကိုယ်ကို ထိခိုက်မှုမရှိဘူး ဒါကြောင့် ဖြည်းဖြည်းချင်းပြန်ကောင်းလာပြီး သေချာပေါက် နဂိုအခြေအနေအတိုင်း ပြန်ဖြစ်လာမှာပါ"

I Fell in Love with My White Moonlight's Arch-Enemy || MM translation Wo Geschichten leben. Entdecke jetzt