Chapter 11

1.5K 197 6
                                    

|| ငါရှဲ့လင်းကို စိတ်ဆိုးအောင်လုပ်ခဲ့မိတယ် ||

ငါရှဲ့လင်းကို စိတ်ဆိုးအောင်လုပ်ခဲ့မိတယ်

မိစ္ဆာလောကအမျိုးသမီးအများစုက အသေးအဖွဲ့တွေကို ဂရုမစိုက်ကြဘူး တစ်နေ့ ငါအပြင်ဘက်မှာလမ်းလျှောက်ထွက်နေတဲ့အချိန်မှာ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ပြည့်စုံတဲ့ အစေခံမိန်းကလေးနဲ့ ဝင်တိုက်မိပါလေရော သူကအဝတ်အစားတွေကို သင့်တော်အောင်ဝတ်မထားတာကြောင့် ငါ့မှာသူ့ကိုကြည့်တောင်မကြည့်ဝံ့ခဲ့ဘူး

သူကငါ့ကိုဆော့ကစားရတာ သဘောကျနေပြီး ငါ့လမ်းကိုပိတ် မျက်နှာတွေနားတွေရဲရဲနီလာတဲ့အထိကို စနောက်ခဲ့တာ ငါကထွက်သွားတော့မယ့်အချိန်မှာပဲ အဲ့ဒီအဆိုးအညစ်ခွေးချုံးချီက ငါ့ကိုနောက်ကနေ တွန်းလိုက်တယ်လေ

ငါကရှေ့ကို ယိမ်းယိုင်သွားပြီး ဗုန်းခနဲ ငါ့မျက်နှာက အဲ့မိန်းကလေးရဲ့ ရင်သားကြားရောက်သွားတော့တာပဲ

အဲ့ဒီအချိန်အတိအကျမှာပဲ ရှဲ့လင်းကအဲ့မြင်ကွင်းကို တွေ့သွားခဲ့တယ်လေ

****

သူငါ့ကိုဂရုမစိုက်တာ ၃ရက်ရှိနေပြီ

ငါကသူ့ကို ထပ်ခါထပ်ခါ တကျည်ကျည်နားပူနားဆာလုပ်ပြီးတဲ့နောက်မှာ သူက သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားဖို့ အဆုံးမဲ့ပင်လယ်ကိုသွားဖို့ လိုအပ်တယ်လို့ပြောရင်း မိစ္ဆာလောကကနေထွက်သွားတော့တာပဲ

အရင်တုန်းကတော့ ငါက ဒီနေရာမှာပဲ သူပြန်လာမှာကို တုံးတုံးအအနဲ့စောင့်နေမှာလေ အခုငါ့ဝိညာဉ်စွမ်းအားက လျင်လျင်မြန်မြန်ပဲ သူ့တစ်ဝက်လောက်ရောက်နေဆိုတော့ သူ့နောက်လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်

ငါကတကယ်ကို ငတုံးပဲ သူကအဆုံးမဲ့ပင်လယ်ကို သွားမယ်ဆိုတာငါသိပေမယ့် သူတစ်ယောက်ထဲမသွားဘူးဆိုတာကို ငါလုံးဝကိုမျှော်လင့်မထားခဲ့မိတာပဲ

ငါ့နောက်ကွယ်မှာ သူအဲ့လူနဲ့ဘယ်အချိန်ကစတွေ့နေတာလဲ?

I Fell in Love with My White Moonlight's Arch-Enemy || MM translation Where stories live. Discover now