|| အမတအရှင်ဇယ်ကျိုးက ငါ့ကိုနှစ်သက်တယ် ||
အမတအရှင်ဇယ်ကျိုးက အဲ့အကြောင်းနောက်မှပြောမယ်လို့ ငါ့ကိုကတိပေးခဲ့ပေမယ့် တစ်နှစ်ပတ်လုံးစောင့်ပြီးတာတောင်မှ အဲ့အကြောင်းစကားဟမလာခဲ့ဘူး အဲ့ဒီအစားသူကငါ့ကို လုံးဝနည်းနည်းလေးတောင်အသုံးမဝင်တဲ့ အိမ်မွေးတိရစ္ဆာန်လှလှလေးတစ်ကောင်လို ပျိုးထောင်နေခဲ့တယ်
ဒါပေမဲ့ သူကငါ့ကိုဝိညာဉ်တည်ငြိမ်အောင်အတွက် ဆိုပြီး နေ့တိုင်းသောက်ဖို့ဆေးလုံးအမြောက်အများ ပေးနေခဲ့တယ်
ဆေးလုံးတွေက အရသာမကောင်း၊အလွန်အမင်းခါးသီး ပုံမှန်ထပ်ထူးထူးခြားခြားကို ကြီးမားလွန်းနေတယ် ငါကအံကြိတ်ပြီး တစ်လုံးပြီးတစ်လုံးမျိုချခဲ့ပေမယ့် အမြဲတမ်းမျက်ရည်တွေနဲ့စို့နင့်ရင်း အဆုံးသတ်ခဲ့ရတယ်
တစ်နေ့ပြီးတစ်နေ့ ဆေးတွေသောက်နေပေမယ့် ဘာမှဖြစ်မလာဘူးလို့ ခံစားရတယ် အဲ့ဒီအစားငါ့ဝမ်းဗိုက်က မကြာခဏဖောင်းမို့လာပြီး ခေါင်းကလည်း တစ်ခါတစ်လေ မသက်မသာခံစားရတယ်
ဒါပေမဲ့လည်း ငါကဆေးသောက်တာကို မရပ်ဝံ့ခဲ့ဘူး အရှင်ဇယ်ကျိုးက ငါ့ကိုပစ်ပယ်မှာ၊ဝန်ထုတ်ဝန်ပိုးတစ်ခုလို့ ထင်သွားမှာကိုငါကြောက်မိတယ်
****
အမတအရှင်ဇယ်ကျိုးက ငါ့ကိုတကယ်ကြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့တယ် တစ်ကြိမ်ကဆို လုယန်ငါ့ကိုအနိုင်ကျင့်နေတာကို သူပက်ပင်းတိုးခဲ့ပြီး လုယန်ကိုအပြစ်တင်ဆုံးမကာ စာကြည့်တိုက်ကို တံမြက်လှည်းဖို့တောင်ပြစ်ဒဏ်ပေးခဲ့သေးတယ်
ရက်အနည်းငယ်အကြာ သူအပြင်ထွက်သွားတဲ့အခိုက်မှာ လုယန်ကငါ့အပေါ်လက်စားချေဖို့ လူတစ်စုကိုခေါ်လာခဲ့ပြီး ရေကန်ထဲကရေညစ်တွေကို အတင်းအကျပ်သောက်ခိုင်းကာ ငါ့ပေါ်တက်နင်းပြီး နှာခေါင်းထိပ်ကိုလက်ညှိုးထိုးရင်း ဆဲရေးတိုင်းထွာခဲ့တယ်
ငါ့မျက်နှာတစ်ဝက်ကရေထဲမြုပ်နေပြီး ကျန်တစ်ဝက်က လုယန်ဆီကတက်နင်းခံနေရတယ် ရေညစ်တွေက ငါ့မျက်လုံးထဲစိမ့်ဝင်နေပြီး စပ်ဖျဉ်းဖျဉ်းနာကျင်မှုကို ခံစားနေရတယ်
VOCÊ ESTÁ LENDO
I Fell in Love with My White Moonlight's Arch-Enemy || MM translation
ContoRaw Title: 我爱上了白月光的死对头 Author: 三月桃胡 (San Yue Tao Hu ) English Translator: little potato (second life translation) Total Chapters: 11 Genres: Short, Xianxia, Yaoi Raw Link: https://www.gongzicp.com/novel-259636 *I got the permission from the Englis...