|| အဲ့ညမှာ ရှဲ့လင်းကဓလေ့ထုံးတမ်းကို
ချိုးဖောက်ခဲ့တယ် ||ငါကခယကာ အရှင်ဇယ်ကျိုးကိုငါပြန်လာရခြင်းရဲ့အကြောင်းအရင်းက ရှင်းရှင်းပြောပြလိုက်တော့တယ်
အရှင်ဇယ်ကျိုးက ငါကသူ့ရဲ့ကျင့်ကြံဖော်ဖြစ်တယ်လို့ ပြောလာပြီး သွားခွင့်မပေးခဲ့ဘူး
အရင်တုန်းကတော့ ငါက သေချာပေါက်ကို တူညီတဲ့ရည်ရွယ်ချက်အကြောင်း တောင်ရောက်ရောက်မြောက်ပြောနေမှာဆိုပေမယ့် အခုတော့ ငါ့စိတ်ထဲမှာရှိနေတဲ့သူက ရှဲ့လင်းပဲ
ငါကထွက်သွားဖို့ ဆုံးဖြတ်ထားတာကိုမြင်တော့ အရှင်ဇယ်ကျိုးက ငါ့ကိုသူ့ရဲ့ဝါးအိမ်ငယ်လေးနောက်ဘက်ခြံဝန်းထဲက လျို့ဝှက်အခန်းထဲကိုခေါ်သွားခဲ့ပြီး ငါနဲ့အသွင်အပြင်ဆင်တူပြီး လှပတဲ့ကျောက်စိမ်းအသွင် လူငယ်လေးကိုထည့်ထားတဲ့ ရေခဲခေါင်းတလားကရှိနေခဲ့တယ်
သရဲတစ္ဆေပူးကပ်နေသလို အဲ့လူငယ်လေးကငါဖြစ်တယ်လို့ အရှင်ဇယ်ကျိုးကပြောလာခဲ့တယ်
ငါကနည်းနည်းကြောက်ရွံ့သွားပြီး လှည့်ထွက်ပြေးဖို့ကြိုးစားလိုက်တယ်
အရှင်ဇယ်ကျိုးက ခေါင်းတလားပေါ်မှာ ငါ့ကိုဖိထားခဲ့ပြီး ငါ့မျက်နှာကိုကိုင်ပြီး အဲ့ဒီလူငယ်လေးကိုအတင်းအကြပ်ကြည့်ခိုင်းလာခဲ့တယ်
အမတအရှင်ဇယ်ကျိုးက ပြောလာခဲ့တယ်
"သူနိုးလာတဲ့အထိစောင့်လိုက် ပြီးရင်ငါမင်းကိုသွားခွင့်ပေးမယ်"
ငါကဝါးအိမ်ထဲမှာပိတ်မိနေခဲ့ပြီး နေ့တိုင်းဆုဇယ်ကျိုးဆီက ဆေးတွေအတင်းအကြပ်တိုက်ကျွေးခြင်းခံနေခဲ့ရတယ် ဆေးအရေအတွက်လည်း အရင်ကထပ်အဆပေါင်းများစွာ ပိုများနေတယ်
ဒီဆေးတွေကအဆိပ်ရှိပြီး အလွန်အကျူးသောက်လို့မရဘူးလို့ ရှဲ့လင်းအရင်ကပြောခဲ့ဖူးတာကို အမှတ်ရလာမိတယ်
ဆေးတွေက လုယန်ဒါမှမဟုတ်သူ့အုပ်စုက လက်ဆော့ထားတာမဟုတ်ဘဲ ငါ့ရဲ့သေဆုံးမှုအတွက် အကွက်ချစီစဉ်ထားခဲ့တဲ့ ဆုဇယ်ကျိုးရဲ့လက်ချက်ပဲ
YOU ARE READING
I Fell in Love with My White Moonlight's Arch-Enemy || MM translation
Short StoryRaw Title: 我爱上了白月光的死对头 Author: 三月桃胡 (San Yue Tao Hu ) English Translator: little potato (second life translation) Total Chapters: 11 Genres: Short, Xianxia, Yaoi Raw Link: https://www.gongzicp.com/novel-259636 *I got the permission from the Englis...