Chapter 08

628 132 1
                                    

|| ဒီလိုအကျင့်သိက္ခာကင်းမဲ့တဲ့ အပြုအမူမျိုးကို မင်းဘယ်ကသင်လာတာလဲ ||

ပိုးမွေးသလိုမွေးကာ အလိုက်လိုက်ခံထားရတဲ့ ရှဲ့လင်းက ပင်လယ်ထဲမှာ ရေချိုးရတာကိုမကြိုက်ပေ။သူကငါးညှီနံ့ကိုမကြိုက်ဘဲ ကျွန်းပေါ်မှာ မိစ္ဆာလောကက ရေပူစမ်းကိုပါဖန်တီးလိုက်လေတော့တယ်

သူကိုယ်တိုင် ပင်လယ်ထဲမှာရေချိုးရတာကို မကြိုက်ရုံတင်မကသေးဘဲ ငါ့ကိုလည်းသွားခွင့်မပေးဘူးလေ

ငါကရေပူစမ်းကို မကြိုက်ဘူး ပင်လယ်ကိုပဲကြိုက်တာ

ဒါပေမဲ့ ရှဲ့လင်းကသူ့စကားသူတည်တဲ့လူမျိုးပဲ
သူကငါ့ကိုရေပူစမ်းမှာ ရေချိုးဖို့အတင်းအကြပ်ခေါ်သွားတာကြောင့် ငါလည်းသူ့အမိန့်ကိုနားထောင်ရုံပဲ တတ်နိုင်တော့တယ်

****

ငါကအဝတ်အစားချွတ်လဲနေတဲ့အချိန်မှာ ဝတ်ရုံလက်ထဲကနေ ဆေးလုံးတစ်လုံးကျလာခဲ့တယ် ငါကခဏလောက်တော့အံ့ဩသွားပြီး ငုံ့ကောက်လိုက်တယ်

ဆေးလုံးက ဝတ်ရုံလက်ရဲ့အလွှာတွေကြားပြုတ်ကျသွားတာကြောင့် ငါအရင်ကသတိမထားမိခဲ့တာပဲ

ဆေးလုံးကအရမ်းခါးတာကြောင့် ငါမသောက်ချင်ဘူး ဒါပေမဲ့ အဲ့ထဲမှာအရှင်ဇယ်ကျိုး ခက်ခက်ခဲခဲရုန်းကန်ရှာဖွေထားရတဲ့ ဆေးတွေပါနေတယ် ဒါကြောင့် မသောက်ရင်လည်း သူ့ရဲ့ကြင်နာတတ်တဲ့ရည်ရွယ်ချက်တွေကို စိတ်ပျက်စေမိမှာ

ငါကသောက်ရမလား၊မသောက်ရမလား ချီတုံချတုံဖြစ်နေတဲ့အချိန်မှာ ရှဲ့လင်းကဆေးလုံးကိုမြင်သွားပြီး ငါ့မှာဘာရောဂါဖြစ်နေတာလဲလို့ မေးလာခဲ့တယ်

ငါကခေါင်းကိုငုံ့ပြီး စိတ်ဓာတ်ကျစွာနဲ့ အကြောင်းအရင်းကိုပြောပြလိုက်တော့တယ် ရှဲ့လင်းကထူးဆန်းတယ်လို့တွေးမိပြီး အနီးကပ်ကြည့်ဖို့ ဆေးလုံးကိုယူသွားခဲ့တယ် အဲ့ဒီနောက်မှာ ရှဲ့လင်းကအပိုင်းသေးသေးလေးဖိညှပ်ပြီး အရသာခံကြည့်ဖို့ပါးစပ်ထဲထည့်လိုက်တော့တယ်

I Fell in Love with My White Moonlight's Arch-Enemy || MM translation Où les histoires vivent. Découvrez maintenant