[Unicode]
အနည်ထိုင်သွားသည့် စိတ်အခြေအနေတွင် နှစ်ဦးသားလုံးပြန်လည် မျက်နှာချင်ဆိုင်ရန် ကြိုပမ်းနေကြပြီဖြစ်သည်။ ရှေ့မျက်နှာနောက်ထား၍ ပြဒါးရံကဦးစွာ တိမ်ယံဆင့်ကို စကားလမ်းကြောင်းဖွင့်ရန် ကြံရွယ်သော်လည်း အကျိုးမပေးသော ကံကြမ္မာက အဆိုးဘက်သာဦးတည်နေလေသည်။ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြိုးစားခဲ့သော်လည်း တိမ်ယံဆင့်ကတော့ မျက်နှာချင်းဆိုင်ရန် မရဲသာသေးသည့်အတွက် သူ့ကို ရှောင်ဖယ်နေသည်မှာ အခေါက်ပေါင်းမနည်းတော့ပေ။
ရေသောက်ရန်သွားချိန်၌ နှစ်ယောက်သားတွေ့လိုက်ရချိန်တွင် ကြောင်အနေပြီး စကားအစရှာနေခဲ့ရာမှ ပြောထွက်ခဲ့သည့်စကားများမှာ...
တိမ်ယံဆင့် - " ရေလာသောက်တာလား "
ပြဒါးရံ - " အင်း...ဆင့်ကော "
တိမ်ယံဆင့် - " ကျွန်တော်လည်း တူတူပဲ "
ထိုအကြောင်းပြန်တွေးပြီး သူတို့နှစ်ယောက် ဘယ်လောက်တောင် မရေမရာတွေပြောခဲ့လဲ ပြဒါးရံပြန်မစဉ်းချင်တော့ပေ။ အရင်ကစိတ်ထဲရှိသည့်အတိုင်း ပြောထွက်နိုင်ခဲ့သော်လည်း ခုများတော့ ပြောစရာစကားများက အဖိုးတန်ကျောက်မြတ်တန်ဆာတွေလို ရှားပါလွန်းလှသည်။ ဘဝကရှေ့ဆက်သွားနေမည်ဖြစ်ပြီး ဆင့်နဲ့မျက်နှာချင်းဆိုင်ဖို့လည်း အချိန်တွေအများကြီးရှိသေးသည်ဟု သူရုတ်တရက်တွေးလိုက်မိသည်။
နောက်ဆုံးသောအချိန်မှာ ပထမဆုံးတွေးမိသည်က တိမ်ယံဆင့်တစ်ဦးထဲသာ။ ဘယ်ချိန်ကမိမိစပြောင်းလဲခဲ့သည်ကို မမှတ်မိတော့သော်လည်း တိမ်ယံဆင့်ကို အခြားတစ်ယောက်နှင့်တွေ့တိုင်း နာကျင်နေသည်ကိုတော့ မှတ်မိနေသေးသည်။ Clover Towerမှာ သူပြောခဲ့တဲ့စကားကို ဆင့်သာကြားခဲ့ရင် ခုချိန်မှာသူတို့ဆက်ဆံရေးက ပြောင်းလဲသွားမည်မှာ သေချာလှပေသည်။ ပိုကောင်းသွားလား ပိုဆိုးသွားသည်လားကတော့ ကံကြမ္မာချိန်ခွင်ပေါ် အဆုံးအဖြတ်ပေးခံရမည့် အပြစ်သားတစ်ဦးလို ရင်တထိပ်ထိပ်ဖြင့်စောင့်ဆိုင်းနေရုံမှအပ ရွေးချယ်စရာမရှိပေ။
" ဒေါက်.....ဒေါက်..... "
ဝင်လာရန်ခွင့်တောင်းနေသော တံခါးခေါက်သံကို တားဆီးမှုအလျင်းမရှိဘဲ ကြည်ဖြူစွာလက်ခံနိုင်ဖို့ နှလုံးသွင်းထားနိုင်အောင် တစ်ဖက်လူက ပြင်ဆင်ထားသင့်ပေသည်။ ကာဆီးနေသောတံခါးတစ်ချပ်စီတွင် အပြင်ဘက်မှ ခိုင်မာစွာရပ်နေသော ပြဒါးရံနှင့် အခန်းအတွင်း ပဟေဠိကိုရင်ဝယ်ပိုက် စိတ်လှုပ်ရှားမှုကို ပဝါပါးလေးနဲ့ဖုံးကွယ်ရန် ကြိုးစားနေသော တိမ်ယံဆင့်တို့ အသီးသီးရှိနေကြသည်။
YOU ARE READING
Hate Poem Written With Love࿐
Fantasyရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ....စေ့ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်ပြီး ဒူးထောက်လာအောင် ပြုစားနိုင်တယ်။ " " မင်းဟာလေ.....အကြည့်တစ်ချက်နဲ့ ကိုယ့်အသိစိတ်ကို လောင်ကျွမ်းစေနိုင်...