[53]

268 14 0
                                    

[Unicode]

" Morning ရံ "

" ........ "

မနက်မိုးလင်းချိန်တွင် တိမ်ယံဆင့်၏ နှုတ်ဆက်စကားသံကား ပြဒါးရံ၏ လျစ်လျူရှုခြင်းနှင့် ရင်ဆိုင်ရလေသည်။

" ကော်ဖီသောက်ချင်လား ကျွန်တော်ဖျော်ပေးမယ် "

" ....... "

မျက်နှာချင်းဆိုင်မိသည်နှင့် တစ်စက္ကန့်မှပင် မကြာခင် ချက်ခြင်း ရှောင်ဖယ်ခံရလေသည်။

" ရံ ဟိုနေ့ကကိစ္စကို စိတ်ဆိုးနေတုန်းလား "

" ဂျိမ်း !! "

နောက်ကနေတဂျီဂျီပြောနေသော်လည်း ရည်ရွယ်သူထံ မရောက်ခင် တံခါးပိတ်ကာ ဆီးကြိုခြင်းနှင့် ကြုံရလေသည်။

" သူအတော်လေး စိတ်ဆိုးနိုင်တာပဲ 3 ရက်လုံး ငါ့ကိုစကားတစ်ခွန်းမှ မပြောဘူး "

လွန်ခဲ့တဲ့ရက်တွေတုန်းက တိမ်ယံဆင့်မှာ ပျင်းလွန်းလို့ ကိုယ့်ကိုကိုယ်တောင် မေ့သွားတော့မည့်အထိပင်။ ယွန်းဟေမီရဲ့ အလုပ်ရှုပ်နေမှုများနှင့် ပြဒါးရံ၏ လျစ်လျူရှုများကို စုပေါင်းလိုက်လျှင် ဤအိမ်ထဲမှာနေရတာဟာ အလွန်ပျင်းရိခြောက်ကပ်ဖွယ် ကောင်းလွန်းလှလေ၏။ စိတ်ပြေလက်ပျောက်ဖြစ်စေရန် ကမ်းခြေဘက် လမ်းလျှောက်ထွက်လာရင်း contact  ထဲက ဖုန်းနံပါတစ်စုကို ရွေးခေါ်လိုက်လေသည်။ မကြာခင်မှာပင် တစ်ဖက်လူက ဆင့်ကို ဖုန်းထဲမှတစ်ဆင့် ရိုရိုသေသေနှုတ်ဆက်လာကာ သူဘယ်လောက်သတိရနေကြောင်း ပြောလာပြန်သည်။

" Alex ကျွန်တော့်ကို သတိရနေလို့ ဖုန်းဆက်တာလား။ကျွန်တော်လည်း အရမ်းသတိရနေတာ "

" ငါမင်းကို ကိစ္စတစ်ခု ခိုင်းစရာရှိတယ် "

" မဟုတ်သေးပါဘူး ကျွန်တော်အလုပ်ထွက်လိုက်ပြီလေ "

" မင်း ငြင်းတာလား "

" မဟုတ်... မဟုတ်ဘူးလေ "

" Jace ငါစကားကို နှစ်ခါမပြောဘူး "

" ကောင်းပါပြီ.... ဒါပေမယ့် ဒါနောက်ဆုံးပဲ နောက်တစ်ခါဘာမှမလုပ်ပေးနိုင်တော့ဘူး "

" မင်းသဘောပဲ "

" ကျွန်တော်ဘာလုပ်ရမှာလဲ "

Hate Poem Written With Love࿐Where stories live. Discover now