[39]

331 18 5
                                    

[Unicode]

ရက်အနည်းငယ်ကြာပြီးနောက်တွင် jace ပြန်ရောက်လာသည်နှင့်အမျှ ဆင့်ရဲ့ မဟာအစီအစဉ်ကြီးကိုစတင် အကောင်အထည် ဖော်တော့သည်။ ၎င်းကတော့ နှစ်ခါပြန်တွေးစရာမလိုသည့် jace ကိုနှိပ်စက်သည့် အစီအစဉ်ကြီးပင်။‌

" Jace ငါ ကော်ဖီသောက်ချင်တယ် "

" လာပြီ "

" မြန်မြန်... မင်းအရမ်းကြာတာပဲ "

" ထွီ.... "

Jace လက်ထဲက ကော်ဖီခွက် တစ်ငုံလှမ်းယူသောက်ကာ ထွေးထုတ်လိုက်သည်။

" ချိုတယ်.....သွားပြန်လုပ် "

" တော်ပါတော့... ဒါနဲ့ဆို အခွက်နှစ်ဆယ်လောက် ရှိတော့မယ် "

" ........ "

" ခါးတယ် ၊ပေါ့တယ် ၊ ချိုတယ် ၊ ရေများတယ် ၊ရေနည်းတယ် ၊အရသာမရှိဘူးနဲ့  မရေမတွက်နိုင်တော့ဘူး "

" ........ "

Jace ရဲ့ ဖီဆန်နေမှုများကို  ဘာမှပြန်မပြောဘဲ ဆက်နားထောင်နေလိုက်လေသည်။

" Alex ရဲ့ ကော်ဖီအရသာက စိတ်ခံစားမှုပေါ်မှုတည်ပြီး အမျိုးမျိုးပြောင်းနေတာ။ ကျွန်တော်က ဘယ်လိုလုပ်လိုက်လုပ်နိုင်မှာလဲ "

" မသွားသေးဘူးလား "

" သွားမယ် သွားမယ်.... တစ်ကယ်ပါပဲ "

Jace ကိုကြည့်ရတာ အရွယ်နဲ့မလိုက်အောင် ပို၍အိုစာလာသလိုပါပင်။  အမှန်ဆိုလျှင် တက်ကြွလန်းဆန်းနေရမည့် အရွယ်ဖြစ်သော်လည်း သူ၏အလုပ်ရှင် စနက်များကြောင့် ပိုပိုအိုစာလာရတော့သည်။ ခဏအကြာတွင် jace ပြန်ရောက်လာပြီး ကော်ဖီခွက်ကို Alex  ထံပေးလာခဲ့လေသည်။

" အင်း မဆိုးဘူး "

ကော်ဖီသောက်ရင်း ဆင့် ပြောလိုက်သည်။

" Alex  ကျွန်တော် ပြောစရာရှိလို့ "

" ပြော "

" Alex ခိုင်းထားတဲ့ အလုပ်ကိစ္စတွေ ပြီးသွားရင် ကျွန်တော် ရွာပြန်ပြီး အဖွားကိုပြုစုချင်လို့ "

" ခွင့်ဘယ်နှစ်ရက်လိုချင်တာလဲ "

" ကျွန်တော်အပြီးပြန်ချင်တာ "

Hate Poem Written With Love࿐Where stories live. Discover now