Unicode /
ခြံစောင့်၏ တံခါးလာဖွင့်ပေးမှုဖြင့် နောက်ပိုင်းအနည်းငယ်ချိုင့်နေသော ကားလေးတစ်စီး ၊ကြီးမားလှသည့် အိမ်တော်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ကားပေါ်မှဆင်းလာသောသူသည် တုနှိုင်းမမှီလောက်အောင် ချောမောခန့်ညားသော်လည်း မျက်နှာပေါ်ရှိ သုန်မှုန်မှုလေးကိုမူ မဖုန်းကွယ်ထားနိုင်ပေ။ လမ်းတွင်ကြုံတွေ့လာရသော အဖြစ်အပျက်တစ်ခုကြောင့် ထိုလူငယ်၏ စိတ်အခြေအနေသည် အမှန်စင်စစ်ကောင်းမွန်မနေခဲ့ပေ။ သို့သော် ထိုလူငယ်က မျက်နှာအနေအထားအား အတင်းလုပ်ယူ ဟန်ဆောင်လိုက်ပြီး ပြုံးရွှင်သော မျက်နှာထားဖြင့် စံအိမ်၏ တံခါးတို့ကိုတွန်းဖွင့်လိုက်လေသည်။ တံခါးနောက်ကွယ်တွင် မြင်လိုက်ရသော လူတစ်ယောက်ကြောင့် သူ၏မျက်နှာတွင် အစစ်အမှန်အပြုံးများပွင့်လန်းလာလေသည်။
ထိုအခိုက်အတန့်တွင် ပြုံးနေသောလူငယ်၏မျက်နှာသည် လွန်စွာကျက်သရေရှိလှပြီး လှပသောသစ်တောအတွင်း စမ်းရေကြည်လေးစီးဆင်းသွားသလိုပင် ၊ ပူပြင်းခြောက်သွေ့လှသော ကန္တာရအတွင်း အဖိုးထိုက်တန်၍ ရှားပါးလှသော အနှိုင်းမဲ့ ရတနာတစ်ပါးလို့ပင် အထင်မှားတင်စားရလောက်အောင် တန်ဖိုးဖြတ်၍ မရသော မေတ္တာရေစင် ကဲ့သို့ပင် ရှားပါး၍ အဖိုးတန်လှသော တွေ့ရခဲသည့် အပြုံးတို့ပင်ဖြစ်သည်။ ထိုနည်းတူပင် လူငယ်၏ရှေ့တွင်ရှိနေသော မိန်းကလေးသည်လည်း အတောက်ပဆုံးပြုံးလျက် ရင်ထဲရှိဖြစ်ပေါ်လာသော ပျော်ရွှင်မှုဆိုသည့်အရာလေးအား အစွမ်းကုန်ထုတ်ဖော်ပြသ လျက်ရှိပေသည်။
ချောမောပြီး ချစ်စရာကောင်းလွန်းလှသည့် မိန်းကလေးတစ်ဦးဖြစ်သည် ။ဖြူဖွေးသည့်အသားအရည်နှင့် လက်သွယ်သွယ်လေးများက သူမ၏အားသာချက်ဖြစ်သည် ။အခြားမိန်းကလေးများနှင့်မတူဘဲ မိတ်ကပ်ပါးပါးခြယ်သထားခြင်းက သူမအလှအားပိုမိုဖြည့်စွက်လိုက်သလို ဖြစ်နေတော့သည်။ အပေါ်နှုတ်ခမ်းပါးနှင့် အနည်းငယ်ထူထဲသောအောက်နှုတ်ခမ်းတို့က သူမ၏ဆွဲဆောင်မှုပင်ဖြစ်ပြီး ဖြောင့်စင်းနေသောနှာတံက မျက်နှာပြင်ထက်တွင် ထင်းရှားစွာနေရာယူထားလေသည်။
YOU ARE READING
Hate Poem Written With Love࿐
Fantasyရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ....စေ့ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်ပြီး ဒူးထောက်လာအောင် ပြုစားနိုင်တယ်။ " " မင်းဟာလေ.....အကြည့်တစ်ချက်နဲ့ ကိုယ့်အသိစိတ်ကို လောင်ကျွမ်းစေနိုင်...