[57]

243 11 0
                                    

[Unicode]

အချိန်တွေက ကုန်ဆုံးလာသည့်နေရာမှာ အလျင်မြန်ဆုံးအရာတွေလို့တောင် ပြောလို့ရမည် ထင်ပေသည်။ ဆေးရုံတက်နေတဲ့အတောအတွင်း တိမ်ယံဆင့်ကော လေပြေညှင်းပါမကျန် ရှင်း အနားမှာ တဝဲလည်လည် လုပ်နေသည့် လိပ်ပြာလေးတွေလိုပင်။ ကိုးလ်က လမ်းပြန်လျှောက်လို့ ရရခြင်း ရှင်းရဲ့ လူနာခန်းထဲမှာဘဲ အချိန်ကုန်နေလေ့ရှိတတ်သည်။ နောက်တစ်ပါတ်လောက် နေတော့ ကိုးလ်ရဲ့ ခြေထောက်က အရမ်းမဆိုးဝါးတဲ့အတွက် ပကတိအတိုင်း ပြန်ဖြစ်သွားသော်လည်း လေပြေရှင်းကတော့ တစ်လတိတိဆေးရုံမှာ နေလိုက်ရတဲ့အတွက် ဦးမင်းအာကာက အလုပ်ကိစ္စတွေ လျစ်လျူရှုနေသော လေပြေရှင်းကို ဆေးရုံတက်နေရမှန်းသိသွားပြီး ဒေါသူပုန်ထနေလေသည်။ ဦးစစ်ဟန်အား သူ့သားကို ထိခိုက်အောင် လုပ်ခဲ့သည့်အတွက် တန်ရာတန်ကြေးကို ပြန်ပေးဆပ်ရမည်ဟုလည်း ကျိန်းဝါးထားသည်။

လတစ်လရဲ့ ပထမဦးဆုံးရက်မှာ ကိုးလ်က လေပြေရှင်းရဲ့ တံခါးဖွင့်ထားသော စာကြည့်ခန်းထဲ စိတ်ဆိုးနေသည့်အမူအရာဖြင့် ဝင်လာပြီး ဤသို့ပြောလေသည်။

" တစ်ညလုံးမအိပ်ဘဲ အလုပ်လုပ်နေပြန်ပြီလား ဒဏ်ရာက အရှင်းသက်သာသေးတာမဟုတ်ဘူး။ တစ်ရေးလောက်အိပ်ပြီး အစာနည်းနည်းပါးပါးစားပြီးမှ အလုပ်ပြန်လုပ်ပါလား "

" ကိုယ်အရေးကြီးတာလေးတွေ စစ်စရာရှိသေးလို့ ခဏလေးပဲ "

" မရဘူး.... မျက်ကွင်းတွေညိုနေတာမြင်ရဲ့လား ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်တယ် အလုပ်ကိုပဲ ဂရုစိုက်မနေနဲ့ "

" ကိုယ်မင်းကိုလည်း ဂရုစိုက်ပါတယ်ကွာ "

" ဒါဆိုလည်း မြန်မြန်ထပြီး သွားအိပ်တော့ "

လေပြေရှင်းရဲ့ လက်ကိုဆွဲကာ ထိုင်ခုံပေါ်က အတင်းထခိုင်းပြီး စာကြည့်ခန်းနဲ့ လှေကားတစ်ခုသာခြားနေသော မျက်နှာချင်းဆိုင်က အခန်းထဲကို အခန်းပိုင်ရှင်အား ပစ်ထည့်လိုက်လေသည်။ ထို့နောက်တံခါးမပိတ်ခင် ကိုးလ်ပြောခဲ့သောစကားမှာ ရှင်းကို အခန်းထဲမှာ ခြေချုပ်ကျနေအောင် သံကြိုးတွေနဲ့ ရစ်ပတ်တွယ်ဆိုင်းထားသလို အင်အားကြီး ဖိအားများသည့် နတ်ဘုရား၏ လက်နက်သဖွယ်ပင်။

Hate Poem Written With Love࿐Where stories live. Discover now