[22]

350 14 0
                                    

[Unicode]

လေထုထဲတွင် ပျံ့လွင့်လာသော သီချင်းသံကြောင့် ရှင်းက အိပ်ပျော်နေရာမှ ဖုန်းလာနေသည်ကို သတိထားမိသွားသည်။ ကော့ညွတ်နေသည့်မျက်တောင်ရှည်တို့က ဖိအားပေးဖွင့်လှစ်ခြင်း ခံလိုက်ရကာ ရှည်သွယ်သည့်လက်ချောင်းများက ဖုန်းအနက်ရောင်လေးပေါ်တွင် သေသပ်စွာနေရာယူနေလေသည်။ ကြားတိုင်းမရိုးသွားနိုင်သည့် ရှင်း၏အသံက သေသပ်စွာထုဆစ်‌ထားသော ပန်းပုရုပ်လိုအပြစ်အနာအဆာ ကင်းမဲ့လှသည်။

" Hello "

" ကိုးလ်.... "

တစ်ဖက်လူ၏ ခေါ်သံကိုကြားလိုက်ရသည့်အခါတွင် ရှင်းကနားမလည်နိုင်စွာ ဖုန်းကိုသေချာပြန်ဆန်းစစ်မိသည်။ သူကိုင်ထားသည့်ဖုန်းက ကိုးလ်၏ဖုန်းပင်ဖြစ်လေသည်။ ဘေးကုတင်ပေါ်တွင် အပူအပင်ကင်းစွာ အိပ်မောကျနေသော ကိုးလ်ကိုမနိုင်းချင်သည့်အတွက် ရှင်းကတစ်ဖက်လူနှင့် ဆက်လက်စကားပြောရန် ကြံရွယ်လိုက်သည်။

" ကိုပြဒါးရံ ကျွန်တော်လေပြေရှင်းပါ "

" ဒါကကိုးလ်ရဲ့ဖုန်းမဟုတ်ဘူးလား "

" ကျွန်တော်တို့အတူရှိနေတာ "

" ကိုယ် ကိုးလ်နဲ့စကားပြောချင်လို့ "

" ကိုးလ်ကမအားသေးလို့ ကိုပြဒါးရံ ကျွန်တော့်ဆီမှာခဲ့လို့ရပါတယ် "

" ကောင်းပြီလေ ဒီနေ့အစည်းအဝေးအတွက် လိုအပ်တဲ့ဖိုင်တွေကို သေချာယူလာခဲ့ပေးပါလို့ ပြောပေးပါ "

" စိတ်မကောင်းစရာပဲ ကိုးလ်အတွက် ဒီနေ့တစ်ရက် ခွင့်တိုင်လို့ရမလား။ ကျွန်တော်သူ့ကိုတစ်ရက် ငှားထားချင်တယ်။ အဲ့ဒီ့အစားအကူအညီတစ်ခုလည်း တောင်းစရာရှိတယ်။ ဆင့်ကိုသူ့အမေအိမ်မှာ သွားကြိုပေးပါလား ကျွန်တော်လိပ်စာပေးလိုက်မယ်။ "

" Hello ရှင်း အဲ့လိုလုပ်လို့မရ... Hello "

" တီ.....တီ.....တီ "

ပြဒါးရံကဖုန်းကိုကိုင်ကာ ဆက်ပြောနေခဲ့သော်လည်း လေပြေရှင်းက ဖုန်းချသွားပြီဖြစ်သည်။ ရုတ်တရက်သူဟာ တိမ်ယံဆင့်က လမ်းလျှောက်တတ်ကာစ မူကြိုကလေးလည်း မဟုတ်ပါဘဲနှင့် အကြိုအပို့ကိစ္စကအစ တစ်ခြားသူကတာဝန်ယူပေးနေရသည်ကို နားမလည်နိုင်တော့ပါချေ။ ကိုးလ်ကလည်းရောက်လာမှာ မဟုတ်တော့သည့်အတွက် ယနေ့အစည်းအဝေးကလည်း ဖြစ်မလာနိုင်တော့မည်မှာ သေချာလှသည်။ တစွတ်ထိုးလုပ်တတ်သော သူငယ်ချင်းနှစ်ယောက်ကို ပြဒါးရံမြင်ယောင်လိုက်ပြီး ဒီနှစ်ယောက်ကိုသာ companyတွင်ဆက်ထားမည်ဆိုပါက သူ့companyက နေ့မဆိုင်းခင် ဒေဝါလီခံရမှာ လက်ခတ်မလွှဲပေ။ ခဏအကြာတွင် ပြဒါးရံဖုန်းက အသံမြည်လာပြီး စာတစ်စောင်ဝင်လာခဲ့သည်။ ဖုန်းနံပါတ်မှာ ကိုးလ်၏ဖုန်းနံပါတ်ပင်ဖြစ်ပြီး အကြောင်းအရာကတော့ တိမ်ယံဆင့်ကိုသွားခေါ်ပေးရန် လိပ်စာဖြစ်သည်။ ဖတ်ကြည့်လိုက်ပြီး ပြဒါးရံက ဖုန်းကိုအဝေးသို့တွန်းပို့လိုက်ကာ စိတ်မပါလက်မပါရေရွတ်လိုက်သည်။

Hate Poem Written With Love࿐Donde viven las historias. Descúbrelo ahora