[Unicode]
TV ဖန်သားပြင်ထက်က သတင်းကြေညာသူထံတွင် ခေါင်းစီးပိုင်းမှပါလာသည့် သတင်း။ စစမြင်လိုက်ရခြင်းတွင် ရှင်း သူ့မျက်လုံးများနှင့် အကြားအာရုံကပင် ချို့ယွင်းသွားပြီလားဟု သံသယဝင်မိသည်။ သို့သော်ငြား ၎င်းသတင်းမှာကား အမှန်ပင်ဖြစ်လေသည်။ KK Company ရဲ့ပိုင်ရှင်အသစ်နေရာမှာ Alex ဆိုတဲ့နာမည်က အထင်းသား။ မသိပါလျှင် ကျောက်သားနံရံထက်မှာ ထွင်းထုထားသည့် စာလုံးများအတိုင်း ၎င်းသည်လည်း မပျက်မယွင်း ပိုမိုထင်းရှားလာလျက်ရှိသည့် အသွင်ဖြင့်။
" ရူးသွားပြီလား "
TV ကိုကြည့်ရင်း ရှင်း၏အမျက်ဒေါသမှာ ငယ်ထိပ်တက်သွားလေတော့သည်။ တိမ်ယံဆင့်၏ အခန်းထဲအလောတကြီး ဝင်သွားလိုက်ပြီး ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ဆင့်ကို လှုပ်နှိုးလိုက်သည်။ အနည်းငယ်လှုပ်ရွလာသော်လည်း ဆင့်၏ မျက်လုံးများကတော့ ပွင့်မလာခဲ့ပေ။
" တိမ်ယံဆင့် .... မင်းမထလာရင် ငါရေဖျန်းလိုက်တော့မယ် "
အမှန်တစ်ကယ်တော့ ဆင့် နိုးနေခဲ့တာ ကြာပြီဖြစ်လေသည်။ တမင်တကာမထချင်၍သာ အိပ်ချင်ယောင်ဆောင်နေခဲ့သော်လည်း ရှင်းကပြောရင် ပြောတဲ့အတိုင်းလုပ်တတ်တဲ့ စရိုက်ရှိတာကြောင့် အိပ်ယာထဲမှာ စက္ကန့်အနည်းငယ် လူးလိမ့်လိုက်ရင်း အသံပေးလိုက်သည်။
" မင်းနောက်ခါကျရင် ငါ့အခန်းထဲမဝင်လာခင် တံခါးခေါက်လို့ရမလား "
သို့သော် လေပြေရှင်းက မကြားချင်ယောင်ဆောင်လိုက်ပြီး သူသိချင်တာကိုသာ မေးမြန်းလာခဲ့ပါသည်။
" KK ရဲ့ ရှယ်ယာတွေကိုဝယ်ပြီး မင်းဘာလုပ်ချင်နေတာလဲ "
" ငါပြောပြရင်ကော မင်းက ဘာတက်နိုင်မှာလဲ "
" ငါမေးတာကိုပဲ ဖြေစမ်းပါ ဆင့်.... မဟုတ်မှလွှဲရော..... "
ရှင်း ဆက်ပြီး မစဉ်းစားရဲပါချေ။ သူ့သူငယ်ချင်းက အရာအားလုံးကို ဝါးမြိုပစ်မည့် နတ်ဆိုးတစ်ကောင်လိုမျိုး ပြောင်းလဲသွားမှာကို အတွေးထဲမှာတောင် ရှင်း တွေးမကြည့်ရဲဘူး။
သို့သော် တိမ်ယံဆင့်မှာ လေပြေရှင်း၏ အတွေးပုံရိပ်ထဲမှ စကားတို့ကို သူ့နှုတ်ခမ်းများနှင့် တစ်လုံးချင်းပြောလာခဲ့သည်။
YOU ARE READING
Hate Poem Written With Love࿐
Fantasyရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ....စေ့ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်ပြီး ဒူးထောက်လာအောင် ပြုစားနိုင်တယ်။ " " မင်းဟာလေ.....အကြည့်တစ်ချက်နဲ့ ကိုယ့်အသိစိတ်ကို လောင်ကျွမ်းစေနိုင်...