[49]

310 19 3
                                    

[Unicode]

လှုပ်ရှားမှုသေးသေးလေးကပင် တိမ်ယံဆင့်ကို သတိကြီးကြီးထားစေနိုင်သည့် အရာများဖြစ်သည့်အပြင် ရုတ်တရက်အိပ်ပျော်သွားခြင်းကြောင့် ကုတင်ပေါ်က ပြဒါးရံ လူးလွန့်လာမှ ဆင့်လည်း နိုးလာခဲ့သည်။

" နိုးပြီလား "

ပြဒါးရံထံ မေးမြန်းလိုက်သော စကားဖြစ်သော်လည်း ထိုသူက တိတ်ဆိတ်‌နေဆဲဖြစ်လေသည်။

အပြင်ဘက်ကို ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်ချိန်တွင် ခပ်ဝေးဝေးက မီးရောင်ပျပျလေးတစ်ခုကိုသာ လှမ်းမြင်နေရသည်။ အရာအားလုံးဟာ အနက်ရောင်စွေးစွေး ခြယ်မှုန်းထားသော သဘာဝတရားထဲကျရောက်နေကာ ပတ်ဝန်းကျင်က အလွန်တရာ တိတ်ဆိတ်နေ၏။

" ညတောင်ရောက်သွားပြီပဲ "

စိတ်ထဲမှတွေးလိုက်ရင်း ဆင့်က သူဘယ်လိုအိပ်ပျော်သွားလဲဆိုတာကို စဉ်းစားမရခဲ့ပါချေ။ ကြည့်ရသည်မှာ အလွန်ပင်ပန်းနေသောကြောင့် ကိုယ့်ကိုကိုယ်ပင် မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်နိုင်သည်။

" ခင်ဗျား....ကျွန်တော်မေးစရာရှိတယ် "

" Alex "

" ...... "

" ကျွန်တော့်နာမည် "

တိမ်ယံဆင့် ထပ်မံကာ ပြဒါးရံကို သတိပေးလိုက်ပြန်လေသည်။ သို့သော် အချိန်အတော်ကြာသည်အထိ ပြဒါးရံထံမှ ဘာတုန့်ပြန်ချက်မှ ပြန်မလာခဲ့တော့ဘဲ အပြင်ဘက်က အကောင်ပလောင်များ၏အသံသာ တဖြည်းဖြည်း ကြီးစိုးလာခဲ့သည်။ ထိုအချိန်မှ ဆင့်က နောင်တရချင်သလို ဖြစ်လာခဲ့သည်။

" ပြဒါးရံ ခေါ်ချင်သလိုခေါ်ပါ "

" အခုဘယ်ချိန်ရှိနေပြီလဲ "

" 9 နာရီခွဲ "

တိမ်ယံဆင့် လက်ကောက်ဝတ်က နာရီကိုတစ်ချက်ငုံ့ကြည့်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။

" မနက်လား? ၊ ညလား ? "

" ညရောက်နေပြီ "

" မိုးတော်တော်ချုပ်နေလောက်ပြီပဲ "

" အင်း "

ဆင့်တစ်ယောက် စကားတစ်ခွန်းစီတိုင်းကို ဂရုတစိုက်ပြန်ဖြေရင်း ပြဒါးရံမျက်နှာကိုသာ ငေးကြည့်နေခဲ့သည်။ အများကြီးပြောလိုက်မိပါလျှင် အမှားပါသွားမှာကိုလည်း ကြောက်ရလေသည်။

Hate Poem Written With Love࿐Where stories live. Discover now