[50]

419 17 0
                                    

[Unicode]

နှုတ်ခမ်းများမှာ အရှိန်ပြင်းပြင်းထိကပ်နေလျက်သားဖြင့် ပြဒါးရံက အားအင်အစုံသုံး၍ ရုန်းထွက်ဖို့ ကြိုးစားပါသော်ငြား တိမ်ယံဆင့် မသိချင်ယောင်ဆောင်၍ လျစ်လျူရှုထားလိုက်လေသည်။  နောက်ဆုံးတွင် လည်ပင်း၌သိုင်းဖက်ထားသော လက်ကိုလွှတ်ပေးချိန်၌ ပြဒါးရံတစ်ယောက် သူ့အပေါ်မှချက်ခြင်းဖယ်ခွာသွားကာ အိမ်ရှိရာဘက်ကို ထွက်သွားဟန်တူပါသည်။

ဆင့်ရဲ့ ကျောပြင်တစ်ဝိုက်တွင် သဲတွေကပ်ငြိနေခဲ့ပြီး လေတစ်ချက်တိုက်တိုင်း ၎င်းတို့က လေနဲ့အတူလွင့်ပါးသွားကြကုန်ကာ တိမ်ယံဆင့်မှာတော့ မကြာသေးခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အတွက် ရယ်ချင်စိတ်ကို မထိန်းထားနိုင်ခဲ့ပါချေ။ သူဟာ ပြဒါးရံနောက်မှလိုက်သွားပြီး တစ်ချိန်လုံးပြုံးနေခဲ့ကာ အတိုင်းထက်အလွန်ပျော်မြူးနေခဲ့သည်။ ရုတ်တရက် ပြဒါးရံလုပ်လိုက်သော အပြုအမူကြောင့် ဆင့် စိတ်လွတ်လက်လွတ်ရယ်လိုက်ကာ ချက်ချင်းပြဒါးရံအနားသို့ ပြေးသွားလိုက်ပြီး လက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်လေသည်။

" လမ်းမှားနေတယ် "

တိမ်ယံဆင့်၏လက်မှာ ချက်ခြင်းဖြုတ်ချခံလိုက်ရလေသည်။ ထိုအပြုအမူနှင့် ဆန့်ကျင်စွာ ဆင့်မှာတော့ ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်နေရတော့သည်။ အကြောင်းမှာ ပြဒါးရံက ဘာကြောင့် အရမ်းရှက်သွားခဲ့ရတာလဲ ဆိုတာကိုပင်။

"ဘာလို့အဲ့လောက်ရှက်နေတာလဲ ကျွန်တော်တို့နှစ်ယောက်လုံး အရွယ်ရောက်ပြီးသား လူတွေပဲ "

"စောစောက ဖြစ်ခဲ့တာကို မတော်တဆလို့ပဲ သဘောထားလိုက်ရအောင်....ပြီးတော့ကိုယ့်မှာ သက်ဆိုင်သူရှိပြီးသား "

"တိမ်ယံဆင့်လား ? "

" အင်း....ဆင့်က လွဲပြီးဘယ်သူကိုမှ ကိုယ်ချစ်နိုင်မှာ မဟုတ်ဘူး "

အတွင်းစိတ်ထဲ၌ တမ်းတနေသော နောင်ထပ်အမည်နာမတစ်ခုကိုတော့ မသိကျေးကျွန်ပြုကာ ကျောခိုင်းထားလိုက်ပါတော့သည်။

" ကျွန်တော့်ကို အခုငြင်းလိုက်တာလား...ကျွန်တော်ဖြင့် ဖွင့်တောင်မပြောရသေးတာကိုလေ "

Hate Poem Written With Love࿐Where stories live. Discover now