Chapter 8

10.9K 2K 40
                                    

//Zawgyi//

“ အတန်းဖော် ဒီမှာကော်ဖီ”

“ ကျေးဇူးပါ”

ကျောင်းနားက ကဖေးက ညနေခင်းမှာ လူအရမ်းများတတ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျင်ရွှင် တံခါးကနေ ဝင်ဝင်ချင်းမှာ အရင်စားသုံးသူက ခုလေးတင်ထသွားလို့ လွတ်သွားတဲ့စားပွဲတစ်ခုကို ပြတင်းပေါက်နားမှာမြင်လိုက်ရသည်။

သူ့ခေါင်းပေါ်က နောက်ပြန်တပ်ထားတဲ့မီးဆိုင်းက သိမ်မွေ့နွေးထွေးတဲ့ အလင်းတစ်လွှာကို ထုတ်လွှတ်ပေးနေသည်။ ကျယ်ဝန်းပြီး ရှင်းသန့်တဲ့ပြတင်းပေါက်ဘေးမှာ ထိုင်နေရင်း ကျင်ရွှင်က ကြွေခွက်ကိုကောက်ကိုင်ကာ ကော်ဖီတစ်ငုံသောက်လိုက်သည်။

စွဲမက်ဖွယ်အနံ့နဲ့ cappuccinoရဲ့ရနံ့လေးက သူ့ပါးစပ်နဲ့ နှာခေါင်းဆီ လှိုင်တက်လာတာက အရသာရှိတဲ့စားသောက်ဖွယ်ရာတစ်ခုလိုပင်၊ ကျင်ရွှင်ရဲ့နှုတ်ခမ်းထောင့်လေးက အလိုအလျောက်ကော့တက်သွားသည်။

သူကနှလုံးမကောင်းခဲ့တာမို့ သူ့ကိုကော်ဖီသောက်ဖို့ခွင့်မပြုလေတဲ့အတွက် အရင်ကသူတစ်ခါမှ ဒါကိုမသောက်ဖူးဘူး။

အခုနောက်ဆုံးတော့ သူဒါကိုသောက်နိုင်ခဲ့ပြီ။ အရသာက မခါးဘဲ ပြိုင်ဘက်ကင်းတဲ့ရနံ့ကိုသာ သူခံစားရသည်။

ကျင်ရွှင်က နောက်တစ်ငုံသောက်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်လေးက ဆက်လက်၍အပြုံးတစ်ခုဖြစ်တည်နေကာ သူ့မျက်ခုံးလေးတွေက အနည်းငယ်ပင့်တက်သွားပြီး သူ့နွေးထွေးတဲ့မျက်လုံးလေးတွေက ကြည်လင်နေသည်။

သူ့မှာ အမြဲအခြားသူတွေကို ကူးစက်တတ်တဲ့စွမ်းအားရှိပုံပေါ်သည်။ အဲ့အချိန်မှာ သူ့ရဲ့အားရကျေနပ်နေပုံလေးက ကော်ဖီလာပို့ပေးတဲ့ ဆိုင်ရှင်ကို စိတ်ကျေနပ်ဂုဏ်ယူစေမိသည်။

ကောင်တာရဲ့နောက်က လှပတဲ့ဆိုင်ရှင်ငယ်လေးက ကျင်ရွှင်ရဲ့စားပွဲဆီကို ကွတ်ကီးတွေလာပို့ပေး၏

“ ကျောင်းသားလေး၊ ဒါက ခုလေးတင်ဖုတ်လာတဲ့ မီနူးအသစ်။ အမ မင်းကိုပေးမြည်းမယ်”

ကျင်ရွှင်က ဝမ်းသာသွားသည်။ သူ့ကြည့်ရတာ အနည်းငယ်တွေဝေနေပုံရပေမယ့် သူ့မျက်လုံးတွေကတော့ ရွှန်းရွှန်းစိုကာ ဝင်းလက်နေသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Wo Geschichten leben. Entdecke jetzt