Unicode
Chapter 1 : ဆောရီး ထပ်မချစ်တော့ဘူး
" သူဒီမှာဟေ့!"
" ရှူး! တိတ်တိတ်နေကြစမ်း!"
မွန်းလွဲ 4:30, အပြည်ပြည်ဆိုင်ရာမြို့တော်လေဆိပ်၏ VIPလိုင်းတွင်ဖြစ်သည်။
လက်နက်ကိုင်ဆောင်ထားတဲ့ ရဲအရာရှိအများအပြားက တိုးချဲ့ထားသောစောင့်ကြပ်မျဉ်းဘေးမှာ တန်းစီရပ်နေလျက်။ သူတို့အားလုံးက လက်နက်အပြည့်အစုံကိုင်ဆောင်ထားကြတာမို့ လူတွေပြည့်သိပ်နေတဲ့ လေဆိပ်ကြီးဟာ ပုံမှန်ထက်အများကြီးပိုတိတ်ဆိတ်နေ၏။
စောင့်ကြပ်မျဉ်းကနေ လုံးဝခွဲထုတ်ခံထားရတဲ့ဓာတ်ပုံဆရာတွေအပြင် တီဗီရုပ်သံလိုင်းအကြီးစားတွေမှ သတင်းတင်ဆက်သူတွေဖြစ်ပုံပေါ်တဲ့ ပရော်ဖက်ရှင်နယ်ကင်မရာတွေအား ကိုင်ဆောင်ထားသော ဝန်ထမ်းများစွာဟာလည်း အပြင်ဘက်၌ တိုးကြိတ်ပိတ်ဆို့နေလျက်ပင်။
ဖြစ်ရပ်ပွဲစဉ်ကို သတိမမူမိကြတဲ့ဖြတ်သွားဖြတ်လာအချို့ရှိနေဆဲဖြစ်ပြီး ၎င်းတို့က ဒီအခြေအနေအကြောင်းကို အနီးနားမှာရှိတဲ့ကိုယ်စားလှယ်တွေကိုမေးလိုက်ကြသည်
" ဘယ်ကြယ်ပွင့်က ဒီလောက်ကိန်းကြီးခန်းကြီးနဲ့ ရှိုးထုတ်နေရတာလဲ?"ဝန်ထမ်းအများစုက သတင်းကိုကောင်းစွာသိထားပေမဲ့ ဘာမှမသိဘဲဒီအခြေအနေကို စိတ်ရှုပ်ထွေးနေကြတဲ့သူအချို့လည်းရှိသည်။
အတွင်းသတင်းအချို့ကိုသိတဲ့ တစ်စုံတစ်ယောက်က ဖြတ်သွားဖြတ်လာရဲ့မေးခွန်းကို ဖြေပေးလိုက်၏
" ကြယ်ပွင့်မဟုတ်ဘူး၊ ဒါပေမဲ့အဲ့ကြယ်ပွင့်ထက် ပိုကြီးတယ်! နိုင်ငံခြားမှာ သွားပြိုင်တဲ့ဂျီးနီးယပ်စ်ကောင်လေးလေ။ သူဒီနေ့တရုတ်ပြည်ကိုပြန်လာတာ!""...မင်းပြောနေတဲ့တစ်ယောက်က အရင်သင်္ချာအိုလံပစ်ပြိုင်ပွဲမှာ အမေရိကန်နဲ့ဥရောပလူတွေ အကုန်လုံးကိုသိမ်းကျုံးအနိုင်ပိုင်းခဲ့ပြီး လွန်ခဲ့တဲ့နှစ်နှစ်က နိုင်ငံတကာစက်ရုပ်တီထွင်မှုပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်နေခဲ့တဲ့သူလား? "
" ဟုတ်တယ် သူပဲ! သူ့နာမည်က ကျင်ရွှင်လေ!"
"ငါအရင်နှစ်ရက်က သတင်းမကြည့်ဖြစ်လိုက်ဘူး အဲ့ဒါဘယ်လိုဖြစ်သွားလဲ? သူနိုင်သွားလား?"
YOU ARE READING
ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}
RomanceTitle - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and English translator. Author- Guan Hongyi, 管红衣 English Translator-Hua(KnoxT) Status in COO- 84 Chapters + 9 extras English translator- KnoxT M...