Chapter 41

16.3K 2.6K 103
                                    

//Zawgyi//

အဘိုးရှန်ရဲ့လက်ဆောင်ကိုလက်ခံပြီးနောက် အုပ်စုက နေ့လည်စာအတွက် flower hallထဲကိုရွှေ့လိုက်ကြသည်။

အဘိုးရှန်ရဲ့လက်ဆောင်ကိုလက်ခံပြီးနောက် အုပ်စုက နေ့လည်စာအတွက် flower hallထဲကိုရွှေ့လိုက်ကြသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

flower hall

ဘဏ္ဍာစိုးပြောခဲ့သလိုပဲ အဘိုးရှန်ကသူတို့ကိုစောင့်နေတာ အတော်ကြာပြီဖြစ်သည်။ အစားအသောက်တွေကအဆင်သင့်ဖြစ်နေပြီး သေသေချာချာပြင်ဆင်ထားမှန်းသိသာသည်။ ဟင်းလျာတစ်ခုချင်းစီတိုင်းက အားထုတ်မှုအများအပြားနဲ့ပြင်ဆင်ထားပြီး အရသာကလည်းအတော်ကောင်းသည်။

အတူတူပျော်ပျော်ရွှင်ရွှင်စားသောက်ပြီးနောက် ကျင်ရွှင်နဲ့ရှန်ရိကျင်းက ခြံဝင်းအတွင်းမှာ အဘိုးရှန်နဲ့အတူတစ်ခဏလောက်ထိုင်နေကြသည်။ သဘာဝကျစွာပဲ နှစ်ဦးသားကို အလုပ်၊စာလေ့လာမှုနဲ့ဘဝအကြောင်းမေးခွန်းအချို့မေးလာသည်။

မေးခွန်းအများစုက သူတို့ရှုထောင့်ကနေဖြစ်သည်။ ရှန်ရိကျင်းက သူ့ကိုမေးသမျှအားပြန်ဖြေပေး၏။ သူကမေးခွန်းတွေကို ပြီးပြီးရောဖြေတာမျိုးမလုပ်ပေ။

ကျင်ရွှင်ဖြေရမယ့်အလှည့်ရောက်တော့ သူကပြောနိုင်သလောက်များများပြောပြီးတော့ ဘိုးဘိုးရှန်ပျော်စေဖို့အတွက် ကွက်ကွက်ကွင်းကွင်းဖော်ပြလေ့ရှိသည်။

"ဟားဟား အားကျင်းက တကယ်ပဲမင်းကို စက်ဘီးနဲ့ကျောင်းလိုက်ပို့တာလား?" သူ့မြေလေးကဒီလိုအရာမျိုးလုပ်တယ်ဆိုတာကို ပုံဖော်ကြည့်ဖို့တောင်ခက်သည်။ နဂိုကအိုမင်းပုံမရသေးတဲ့လူအိုကြီးရဲ့မျက်နှာက ရယ်မောမှုကြောင့်အရေတွန့်မှုအနည်းငယ်ကိုပြသလာသည်။

သူခေါင်းညိတ်ပြကာ ထောက်ခံမှုပေးလာသည်
"ဟုတ်တယ် ဒါကအားကျင်းအမှန်တကယ်လုပ်လောက်တဲ့အရာပဲ"

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now