Chapter 16

21.4K 3.1K 41
                                    

//Zawgyi//

ရှန်ရိကျင်းရဲ့ခရီးစဉ်မနှောင့်နှေးစေဖို့အတွက် ကျင်ရွှင်က မကြာခင်မှာပဲ တစ်ဖက်လူဆီကနေ ထွက်လာခဲ့လိုက်သည်။

သေချာတာပေါ့ အဆုံးမှာတော့ သူအဆောင်ကို တစ်ဖက်လူရဲ့အပေါ်ဝတ်ကို ခြုံကာပြန်လာခဲ့ရသည်။

ကံကောင်းစွာနဲ့ သူငါးလွှာကိုတက်ကာ အခန်းကိုပြန်တဲ့အချိန် မီးတွေကပိတ်သွားနှင့်ပြီ။ သူ့အခန်းဖော်တွေက ခုံပေါ်ကမီးအိမ်နဲ့စာကြည့်နေဆဲဖြစ်ကာ သူထွက်သွားပြီးနောက် သူ မပိုင်ဆိုင်တဲ့အဝတ်ပိုတစ်ခုနဲ့ ပြန်ရောက်လာတာကိုလဲ သတိမထားမိဘူး။

တံဆိပ်တွေ၊ ပြုလုပ်ထားတဲ့ပစ္စည်းတွေကို မဆိုထားနှင့်ဦး အခုချိန်မှာ သူကကျိန်းသေပေါက်ကို  ဒီလိုအဝတ်အစားမျိုးကိုဝတ်ဖို့ တတ်နိုင်မှာမဟုတ်ဘူး။ အရွယ်အစားကိုကြည့်ပြန်ရင်လဲ…ဒီအပေါ်ဝတ်က ကျင်ရွှင်ရဲ့ဘောင်းဘီအိတ်ကပ်ကိုပါ ဖုံးနေကာ သေချာပေါက်ကို သူနဲ့မသက်ဆိုင်တဲ့အရာပင်။

ဘယ်သူမှသတိမထားမိခင် ကျင်ရွှင်က အဝတ်ကို တိတ်တဆိတ်ချော့မွေ့စွာ ချွတ်လိုက်ကာ ဗီရိုထဲမှာချိတ်ထားလိုက်သည်။

အရင်တစ်ကြိမ် သူကမဖုံးကွယ်ဘဲ သူက*စာရင်းထဲမှာမရှိတော့ဘူးလို့ သူ့အခန်းဖော်တွေကို ပြောခဲ့တာမို့ သူမေးခွန်းတွေတစ်သီတစ်တန်းကြီးအမေးခံရနိုင်သည်။
(*Singleမဟုတ်တော့တာ)

ကံကောင်းစွာနဲ့ ထန်းကျင်းယွမ်ရော ယန်ရိကပါ အတင်းအဖျင်းပြောတတ်တဲ့သူမဟုတ်ပေ။ သူ့ရဲ့ဝိုးတိုးဝါးတားအပြောကို သိမြင်တော့ သူတို့ကအသေးစိတ်မစပ်စုကြဘူး။ အရင်တစ်ခေါက်က ဖရိုဖရဲဖြစ်ခဲ့တဲ့ကိစ္စကြောင့် ဆန်ကုန်မြေလေး အမျိုးသားတွေ၊အမျိုးသမီးတွေကို ဂရုစိုက်ဖို့သာပြောလာကြသည်။

တကယ်လို့ ဒီတစ်ခေါက်သူတို့သာ သူ့ကိုမိသွားခဲ့ရင်…

ကျင်ရွှင်က စိတ်သက်သာရာရစွာ သက်ပြင်းခိုးချလိုက်မိသည်။ တစ်ချိန်တည်းမှာပဲ သူ့မျက်နှာပေါ်ကပူစပ်စပ်ခံစားချက်က တစ်ဖန်ပြန်ထွက်ပေါ်လာသည်။

ခုနကတုန်းက သူက ရှန်ရိကျင်းကို သူအဆောင်ခန်းထဲမှာ လက်ပြတ်စွပ်ကျယ်ဝတ်တာနဲ့ ပတ်သက်ပြီး ဘာပြဿနာရှိနေလဲဆိုတာကို တိုက်ရိုက်ပဲမေးလိုက်သည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Opowieści tętniące życiem. Odkryj je teraz