//Zawgyi//
Chapter 70: ကိစ္စတွေကိုရှင်းလင်းခြင်း + လက်ထပ်မှတ်ပုံတင်ရယူခြင်း
_____________
“တကယ်တော့ ကျွန်တော်…ကျွန်တော်က ယန်ကျင်ရွှင်မဟုတ်ဘူး”
ကျင်ရွှင်ပြောပြီးနောက် တဒင်္ဂလောက်တိတ်ဆိတ်သွားသည်။
ရှန်ရိကျင်းက အနောက်ပြန်လှည့်လာကာ သူ့ကိုမျက်နှာချင်းဆိုင်လာတော့ ကျင်ရွှင်က ခေါင်းမော့ကာ တစ်ဖက်လူရဲ့မျက်လုံးတွေနဲ့တွေ့ဆုံလိုက်သည်။
သူ သတ္တိမွေးကာ “ကျွန်တော့်နာမည်က ကျင်ရွှင်…ကျွန်တော်က ခင်ဗျားနဲ့တူညီတဲ့ကမ္ဘာက မဟုတ်ဘူး၊ ကျွန်တော်က ဒီကိုကူးပြောင်းလာတာ”
“ရှောင်ရွှင်…” ဒီတစ်ကြိမ်မှာတော့ ရှန်ရိကျင်းက ရှားပါးလှတဲ့အံ့အားတသင့်အကြည့်ကို ပြသလာသည်။
“တကယ်တော့ ခင်ဗျားလည်း ကျွန်တော့်ကိုသံသယဝင်နေခဲ့တာ ကြာပြီမလား?” ကျင်ရွှင်က တံခါးကို ကိုယ်တစ်ဝက်မှီကာ သူ့ကိုယ်အလေးချိန်ကို လွှဲပြောင်းပေးထားရင်း : “ခင်ဗျား ကျွန်တော့်ကိုအသေးစိတ်စုံစမ်းပြီး ကျွန်တော့်အမေနဲ့လည်းဆက်သွယ်ခဲ့ပြီးပြီ။ ကျွန်တော်က ယန်ကျင်ရွှင်မဟုတ်မှန်း ခင်ဗျားအတော်ကြာကတည်းက သိနေသင့်ပြီ”
ရှန်ရိကျင်းကပြော၏ : “ကိုယ်မင်းကိုသံသယမဝင်ခဲ့ပါဘူး ရှောင်ရွှင်…”
ကျင်ရွှင်က ခေါင်းခါပြကာ သူအဆင်ပြေကြောင်းညွှန်ပြလိုက်၏။
သူ့ကိုယ်သူအများဆုံးဖော်ပြတဲ့အရာက သူ့ခွန်အားဆိုတာကို သူသိသည်။
ပရော်ဖက်ဆာဟို့၊ စီနီယာတွေနဲ့ ကုမ္ပဏီကလုပ်ဖော်ကိုင်ဖက်တွေကဲ့သို့သော သူနဲ့အလုပ်တူတူလုပ်ခဲ့သူတွေက ယန်ကျင်ရွှင့်အတိတ်ကို မသိတဲ့လူအုပ်စုပင်။
ထန်းကျင်းယွမ်၊ ယန်ရိနဲ့ ဆန်ကုန်မြေလေးgongတို့လို လူမျိုးတွေကတော့ လက်ရှိသူ့ကိုနားမလည်တဲ့လူအုပ်စု။
တချို့နယ်ပယ်တွေမှာ သူ့အောင်မြင်မှုကို အခြားသတင်းရင်းမြစ်တွေမှတစ်ဆင့် သွယ်ဝိုက်၍သိရှိခဲ့တဲ့ထန်းကျင်းယွမ်က သူ့ကိုသံသယမဝင်လောက်ပေ၊ ဘာလို့လဲဆိုတော့ မူလကိုယ်က စာကောင်းကောင်းလေ့လာခဲ့ဖူးသူမို့ပင်။
BINABASA MO ANG
ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}
RomanceTitle - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and English translator. Author- Guan Hongyi, 管红衣 English Translator-Hua(KnoxT) Status in COO- 84 Chapters + 9 extras English translator- KnoxT M...