Extra 3.1: အချိန်မီပြန်သွားလို့ တစ်ဖန်ပြန်လည်တွေ့ဆုံကြမယ်!

9.7K 1.5K 48
                                    

//Zawgyi//


____________________

တံခါးထက်မှ စူးရှတဲ့ခေါက်သံကြောင့် ကျင်ရွှင်ဗြုန်းခနဲနိုးသွားသည်။

၎င်းကအလောတကြီးမြည်ဟီးနေပြီး ခုမှနိုးခါစလူကို အတန်ငယ်ရှုပ်ထွေးသွားစေမိတဲ့အထိပင် __ ကျင်ရွှင်က သူအိပ်ပျော်နေတဲ့အချိန် ဒီလိုတံခါးခေါက်သံမျိုးကြားရခဲလှသည်၊ အနှိုးခံရတာကိုထားလိုက်ဦး။

အတိတ်မှာတုန်းက သူ့ခန္ဓာကိုယ်ကအားနည်းတာမို့ ဘယ်သူကမှသူ့ကိုအနှောင့်အယှက်မပေးချင်ကြပေ။

ရှဲန်းရှန်နဲ့နေပြီးနောက် ပိုလို့တောင်…

ဟုတ်သားပဲ

ရှဲန်းရှန်ရော?...

သူမနေ့ညက ရှဲန်းရှန်နဲ့တူတူအိပ်ခဲ့တာမဟုတ်ဘူးလား? ?

မရှင်းမလင်းအိပ်ချင်မူးတူးစိတ်လေးက ချက်ချင်းကွယ်ပျောက်သွားလေ၏။ ဘာကသူ့ကိုအလွန်အမင်းမိန်းမောစေပြီး မသက်မသာခံစားနေရစေမှန်း ကျင်ရွှင်နောက်ဆုံးတော့သဘောပေါက်သွားတော့သည်…

ဒီတစ်ကြိမ် သူ့အိပ်ရာထဲမှာ ရှန်ရိကျင်းနဲ့တူတူအိပ်နေတာမဟုတ်ဘူး!

သူ့အောက်မှမွေ့ရာက အနည်းငယ်နူးညံ့ပြီး ကျင်ရွှင်အိပ်လေ့ရှိတဲ့နူးညံ့မှုမျိုးပင်။

သူမြင်နိုင်သမျှအားလုံးက အဖြူရောင်တွေချည်း၊ အဖြူရောင်အိပ်ရာခင်း၊ အဖြူရောင်စောင်…ပတ်လည်ကိုကြည့်လိုက်ရင် ၎င်းက အိပ်ခန်းတစ်ခန်း၊ရေချိုးခန်းတစ်ခန်းပါဝင်တဲ့ဟိုတယ်ခန်းနဲ့တူသည်။

အပြင်အဆင်စတိုင်ကသာလျှင် အနည်းငယ်ကွဲပြားနေတာ၊ အနောက်တိုင်းဘက်ကိုပိုရောက်သည်။ တချို့နေရာတွေမှာ နံရံပေါ်၌ စာသားသင်္ကေတတွေရှိနေပြီး တရုတ်စာလုံးတစ်လုံးမှမပါပေ။

သို့ပေမဲ့ဘယ်လိုဖြစ်နိုင်မှာလဲ

သိသိသာသာကို သူမနေ့ညက သူ့အိမ်မှာအိပ်ခဲ့တာလေ!

ကျင်ရွှင့်မှတ်ဥာဏ်က လွန်ခဲ့တဲ့သုံးရက်ကစ သူဘယ်သူ့ကိုမဆိုပြောခဲ့တဲ့စကားလုံးတိုင်းကို အလွယ်တကူမှတ်မိနိုင်ပေသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now