Chapter 52

17K 2.6K 73
                                    

//Zawgyi//

Chapter 52: ဥက္ကဋ္ဌရှန်၏လည်ပင်း…

ကျင်ရွှင်အသံထွက်ပေါ်သွားချိန် ချက်ချင်းဆိုသလို ရုံးခန်းထဲမှာ ပင်အပ်လေးကျသွားရင်တောင် ကြားနိုင်လောက်တဲ့အထိ တိတ်ဆိတ်သွားသည်။

သူ့ကိုမျက်နှာချင်းဆိုင်နေတဲ့ ရှန်ပေါ်ဟန်က သူ့အားရှော့ခ်ရစွာဖြင့် ကြည့်နေပြီး နေရာမှာတင်တောင့်ခဲနေကာ သူ့အမူအရာက ဘယ်လောက်မှုန်မှိုင်းနေလဲဆိုတာကိုတော့ ပြောမနေတော့နဲ့ပေါ့

“ မင်းက သူ့ကိုကလေးမွေးပေးချင်တယ်ပေါ့?!”

ကျင်ရွှင် : “……”

သူကလေးမွေးနိုင်တယ်ဆိုတာကို ဆန်ကုန်မြေလေးgongက…တကယ်ကြီး မယုံသွားသင့်ဘူးနော် ဟုတ်တယ်မလား? ?

……

ဘယ်လိုပဲဖြစ်ဖြစ် သူမွေးနိုင်သည်ဖြစ်စေ မမွေးနိုင်သည်ဖြစ်စေ အဲ့ဒါက ဆန်ကုန်မြေလေးgongနဲ့ ဘာမှမဆိုင်ဘူးလေ။

ကျင်ရွှင်က ဒီတစ်ကြိမ်မှာတော့ ရှန်ပေါ်ဟန်အတွက် သူ့ရဲ့စက်ဆုပ်ရွံရှာမှုကို မဖုံးကွယ်ထားပေ။ သူက အရမ်းဝေးနေတော့ တစ်ဖက်လူအဲ့ဒါကိုမခံစားမိလောက်ဘူးဟု တွေးမိကာ သူမတ်တပ်ရပ်လိုက်ပြီး ရှန်ရိကျင်းနံဘေးကို လျှောက်သွားလိုက်၏။

သူ ရှန်ရိကျင်းနဲ့ ပခုံးချင်းယှဉ်ပြီး ရပ်လိုက်သည်။ ဆန်ကုန်မြေလေးgongက တစ်ခုခုလုပ်ဖို့ ပြေးလာရဲရင် သူကလည်း ရှဲန်းရှန်ရဲ့နောက်ကိုဝင်ပုန်းမယ်လေ။ ကျင်ရွှင်က ရှန်ရိကျင်းရဲ့ အဝတ်လက်စလေးကို ငြင်ငြင်သာသာဆွဲကာ ရှန်ပေါ်ဟန်ကို ကြည့်နေရင်း သူ့လက်မောင်းကိုဆွဲဖက်လိုက်သည်။

သူစကားမပြောခဲ့သလို ပြောစရာလည်းမလိုပေ၊ သူ့ရဲ့ခန္ဓာကိုယ်ဘာသာစကားက အားလုံးကိုပြောပြနေသည်။

ရှန်ပေါ်ဟန် တစ်ခါမှ မမြင်ဖူး စိတ်တောင်မကူးဖူးတဲ့…သူ့မျက်နှာပေါ်က စက်ဆုပ်မှုကို တကယ်ကြီးခံစားမိသွားတာကြောင့်လည်း ဖြစ်နိုင်သလို ဒါမှမဟုတ် ရှန်ရိကျင်းပေါ် သူ့ရဲ့အားထားမှုကို ခံစားမိတာကြောင့်လည်း ဖြစ်နိုင်သည်။ ထိုအခိုက်မှာ ရှန်ပေါ်ဟန်က မိုးကြိုးပစ်ခံလိုက်ရတဲ့သူလိုမျိုး အသံတစ်သံမှမထွက်နိုင်တော့ပေ။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now